နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စစ်ကိုင်းမြို့ပိုးတန်းရပ်ကွက်တွင် နှစ်ထပ်အိမ်မီးလောင်

စစ်ကိုင်း၊ နိုဝင်ဘာ ၃၀


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်တွင် နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၉ နာရီ မိနစ် ၅၀ ခန့်က  နှစ်ထပ်လူနေ အိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ     စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးစီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ စိန်ကုန် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခကာရီလူမှုကူညီရေးအသင်းမှ ရေသယ် ယာဉ်တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ရာ နံနက် ၁၀ နာရီတွင် မီးထိန်းနိုင်ပြီး နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် အုတ်ခံနှစ်ထပ်အိမ်အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲပြီး မီးလောင်မှုနှင့်ပတ်သက်၍ စစ်ကိုင်းမြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ