နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိ ကျန်းမာရေး အလေးပေးဆောင်ရွက်

ယနေ့တိုးတက်နေသော နည်းပညာများအရ မျက်စိအမြင် ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရသော မျက်စိ ရောဂါများဖြစ်နေသည်ကို တွေ့ရသည်။ မျက်စိအာရုံချို့ယွင်းမှု      ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌  နေထိုင်လျက်ရှိရာ မျက်စိနှင့်ပတ်သက်သည့် ကာကွယ်ခြင်း၊ ကုသခြင်း ဗဟုသုတ နည်းပါးလျက်ရှိ၏။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်း မျက်စိအာရုံကောင်းမွန် ရေးနှင့် မျက်စိ စမ်းသပ်မှုသည် အရေးကြီးသော လုပ်ဆောင်မှု ဖြစ်ကြောင်း သတိပေးပြောကြားထားသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် မျက်စိကွယ်သူပေါင်း ခုနစ်သိန်းခန့် ရှိပြီး မျက်မမြင်လူဦးရေ ၄၅ သန်းကျော်ရှိပြီး မျက်စိမှုန်သူပေါင်း ၂၄၆ သန်းကျော်ရှိသည် ဆိုသည်။


မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မျက်စိကွယ်စေနိုင် သော အဖြစ်များရောဂါများမှာ အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ မျက်ကြည်လွှာအနာရောဂါ၊ မျက်စိထိခိုက် ဒဏ်ရာရောဂါနှင့် ကလေးများတွင် ဗီတာမင်အေဓာတ်ချို့တဲ့ ရောဂါများနှင့် ဆီးချို၊ သွေးချိုတို့ကြောင့် နောက်ဆက်တွဲရောဂါ များ ဖြစ်ကြ၏။


သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့် ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက်သင့်ပေသည်။ လူတစ်ဦးတစ်ယောက်အတွက် မျက်စိကျန်းမာရေးသည် အရေးကြီးပေသည်။ အမြင်အာရုံကောင်းမွန်မှသာ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့နိုင်မည် ဖြစ်ပေ သည်။ အမြင်အာရုံချို့ယွင်းလာသည်နှင့် လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရတတ် ပေသည်။


သို့ဖြစ်ရာ မျက်စိရောဂါဝေဒနာရှင်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများရှိ အထူးကုဆရာဝန်ကြီးများက စနစ်တကျ ကုသပေး လျက်ရှိသကဲ့သို့ ကျွမ်းကျင်သူပညာရှင်များက မျက်စိကျန်းမာရေး ပြုစုစောင့်ရှောက်မှုများကို ပညာပေးဟောပြော စောင့်ရှောက်ပေး လျက်ရှိပေသည်။ သို့ဖြစ်ရာ လူတစ်ဦးအတွက် မျက်စိကျန်းမာရေးသည် အရေးပါလျက်ရှိရာ  မျက်စိရောဂါဝေဒနာ နှင့်ပတ်သက်၍ အလေးထားကုသ ဆောင်ရွက်သင့်ပေသည်။






အခြားဆက်စပ်သတင်းများ