နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်ရန်ကုန်မြင်ကွင်း ညရှုခင်း

အလောင်းမင်းတရားကြီး စတင် တည်ထောင်ခဲ့သော ရန်ကုန်မြို့သည် ယခု ၂၀၂၁ ခုနှစ်၊ မေ ၂ ရက်က မြို့တည် သက် ၂၂၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ် သည်။


ထို့နောက် ခရစ်နှစ် ၁၈၅၃ ခုနှစ် မြို့သစ်တည်ပုံစံ ရေးဆွဲစဉ်က အကျယ် အဝန်းမှာ ဧက ၅၀၀ ခန့်သာရှိပြီး လူဦးရေ သုံးသောင်းခွဲကျော်ခန့် နေထိုင် ရန်သာ ထိုစဉ်က အစိုးရအနေဖြင့် ပုံစံ ထုတ် ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟုသိရသည်။


သို့သော် ယနေ့ ရန်ကုန်မြို့တော် ကြီး၏ စည်ပင်သာယာနယ်နိမိတ် အတွင်း စတုရန်းဧရိယာ မိုင် ၃၀၀ ကျော်ခန့်ရှိလာပြီး လူဦးရေမှာလည်း ငါးသန်းကျော် နေထိုင်လျက်ရှိနေပြီဖြစ် သည်။


လွန်ခဲ့သည့် ၁၉၂၂ ခုနှစ် ရန်ကုန် မြူနီစပါယ် အက်ဥပဒေ ပြဋ္ဌာန်းပြီး နောက်ပိုင်းမှစ၍ ရန်ကုန်မြို့တော်သည် မြို့တော်များ၏ ဘုရင်မ  (Queen of The Cities) ဟု တင်စားပြောဆိုနိုင် သည်အထိ လှပခံ့ညား နုပျိုသစ်လွင် သော အသွင်ဖြင့် တည်ရှိခဲ့သည်။


မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက် မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်သည် အရှေ့တောင်အာရှ၏ အလှပဆုံးနှင့် အသန့်ရှင်းဆုံးမြို့တော် များ၏ ဘုရင်မဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။


၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် သာကေတ၊ တောင် ဥက္ကလာပနှင့် မြောက်ဥက္ကလာပ မြို့သစ်တို့ကို တိုးချဲ့ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင်လည်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြို့နယ်များ၊ ရွှေပေါက္ကံ၊ ပုလဲမြို့သစ်နှင့် ပတ္တမြားမြို့သစ် အပါအဝင် မူလ မြို့တော်ကြီးကို ဝန်းရံထားသည့် မြို့ သစ်များ ပေါ်ထွန်းလာခဲ့ရာ စတုရန်း မိုင် ၃၀၀ ကျော်ခန့်အထိ ကျယ်ဝန်း လာခဲ့သည်။


ယခုအခါတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အခြာ အဓိကမြို့တော် ကြီးဖြစ်သော ရန်ကုန်မြို့တော်ကြီးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အဘက်ဘက်မှ တာဝန် ယူကာ မြို့တော်အင်္ဂါရပ်များ ဆက် လက် ပြည့်စုံနေရေးအတွက် နေ့စဉ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေသည်။


ပုံတွင် ယနေ့ ရန်ကုန်မြို့တော် ကြီး၏ ညရှုခင်းကို ဗုဒ္ဓဘာသာဝင်တို့ ၏ အထွဋ်အမြတ်ကိုးကွယ်ရာ သမိုင်း ဝင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီး၊ ရန်ကုန်မြို့တော်ကြီး၏ ဗဟို အချက်အချာ နေရာတွင် တည်ထား သော ဆူးလေစေတီတော်မြတ်ကြီးနှင့် မြို့တော်ကြီး၏ ကျက်သရေဆောင် မြို့တော်ခန်းမကြီးတို့ကို မီးရောင်စုံ များဖြင့် ပန်းချီကားတစ်ချပ်သဖွယ် တွေ့မြင်ကြရမည်ဖြစ်သည်။       (STW)






အခြားဆက်စပ်သတင်းများ