နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားမဝင်ကျောက်စိမ်းများ သယ်ဆောင်လာသူအား အရေးယူ

မန္တလေး ဧပြီ ၂ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ သင်ပန်းကုန်းရဲကင်းစခန်းမှ ရဲကင်းမှူးနှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၁ ရက် ညနေ ၅ နာရီက နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၆၂လမ်းနှင့် ဗိုလ်ဗထူးလမ်းထောင့် အနီးတွင် ၆၂ လမ်းအတိုင်း မြောက်မှတောင်သို့မောင်းနှင်လာသော SGG8I/---Light Truckအဖြူရောင် ယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ကျော်သူရ(၃၉ နှစ်)၊ အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်နေသူ မောင်းနှင်လာပြီး ယာဉ်နောက်ခန်းတွင် ပီနံအိတ်ဖြင့်ထည့်လျက် ကျောက်စိမ်းဟု ယူဆရ သော ကျောက်တုံး ၂၄ တုံး၊ အလေးချိန် ၄၈၂ ဒသမ ဝ၇ ကီလိုဂရမ်နှင့် ကျောက်စိမ်းဟုယူဆရသည့် ကျောက်အရွယ်အစားမျိုးစုံ ၈ အိတ်၊ အလေးချိန် ၅၀ဝ ကီလိုဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ကျော်သူရအား ပြည်ကြီးတံခွန်မြို့မရဲစခန်းက (ပ)၂၁၂/၂၀၂၀၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ