ယနေ့ နိုဝင်ဘာ ၂၈ ရက် (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) သည် မြန်မာတစ်မျိုးသားလုံး၏ သမိုင်း ဝင်အရေးကြီးသည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၁ နှစ် အကြာကာလ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် နယ်ချဲ့တို့၏ ကျွန်ပညာရေး စနစ်ကိုဆန့်ကျင်သည့်အနေဖြင့် တစ် တိုင်းတစ်ပြည်လုံး တုန်လှုပ်ရိုက်ဟီး သွားစေသည့် တက္ကသိုလ်ကျောင်းသား သပိတ်ပေါ်ပေါက်ခဲ့ရာ ၁၉၂၁ ခုနှစ် ဒီဇင် ဘာတွင် မန္တလေးမြို့၌ ကျင်းပသော ဂျီစီ ဘီအေသင်းလုံးကျွတ် ညီလာခံကြီးက အဆိုပါနေ့ကို မြန်မာတစ်မျိုးသားလုံး၏ သမိုင်းဝင်အမျိုးသားနေ့အဖြစ် သတ် မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့ ငယ်စဉ် မူလတန်းကျောင်းသား ဘဝကတည်းက အဆိုပါနေ့သို့ကျရောက်တိုင်း ''အမျိုးသား နေ့ တို့မမေ့'' ဟူသည့် ဆောင်ပုဒ် နှင့်အညီ ကြွေးကြော်သံများ တစ်ခဲနက် ကြွေးကြော်ကာ နိုင်ငံတစ်ဝန်း အမျိုးသား နေ့ အခမ်းအနားများကို ကျင်းပလာ ခဲ့ကြခြင်းဖြစ်သည်။
နယ်ချဲ့တို့သည့် ကိုလိုနီကျွန်ပညာ ရေးကို ''ပညာရေးစနစ်သစ်"ဟု အမည် တပ်ကာ ''အခါးကို အချိုဖုံး" ရန်ကြိုးစား သည့်အနေဖြင့် ထိုစဉ်က ရေးဆွဲထား သည့် တက္ကသိုလ်အက်ဥပဒေကြမ်းကို ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် အတင်းအဓမ္မ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဥပဒေကြမ်းတွင် ပါဝင် သည့် ပြဌာန်းချက်များသည် မြန်မာ တစ်မျိုးသားလုံး၏ ပညာရေးဖွံ့ဖြိုးမှု ကို ချိုးနှိမ်ပြီး ၎င်းတို့အတွက် နယ်ချဲ့ စနစ်သက်ဆိုးရှည်ရေးအတွက်သာ အထောက်အကူဖြစ်စေရန် ရည်ရွယ် ရေးဆွဲထားခြင်းဖြစ်သဖြင့် ထိုစဉ်က တက္ကသိုလ်ကောလိပ်ကျောင်းသား များသာမက အထက်တန်းကျောင်းသား များကိုပါ ထိခိုက်နစ်နာနေ၍ နိုင်ငံတစ် ဝန်းရှိ ကျောင်းသားများပါဝင်ကာ နယ်ချဲ့ကို သပိတ်မှောက်ခဲ့ကြသည်။
ကျွန်တော်တို့ ငယ်စဉ်ကျောင်းသား အရွယ်တွင် အမျိုးသားရေးစိတ်ဓာတ် မြင့်မားသည့် ဆရာ၊ ဆရာမများ၏ သွန်သင်ချက်များကို ယနေ့တိုင် ကြားသိ မြင်ယောင်နေမိသေးသည်။
မှတ်မိသမျှတင်ပြရလျှင် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်အဖြစ် ကမ္ဘာသိ တာဝန် ထမ်းဆောင်ခဲ့သော အမျိုးသား ကျောင်းဆရာ ဦးသန့် အသက် ၂၀ ကျော် အရွယ်က ရန်ကုန်မှ နေရပ် ပန်းတနော်သို့ အပြန်ကားဂိတ်တွင် ထိုင်နေစဉ် အသက်ကြီးကြီးအင်္ဂလိပ်အို ကြီးတစ်ယောက်က လမ်း လျှောက်တုတ်ဖြင့် သူ့ပခုံးကို ထိုးကာ မတန်မရာ ဖယ်ရှားခိုင်း ပြီး အနိုင်ကျင့်ခဲ့သည်ဆို၏။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး ဒုတိယမြောက် သမ္မတ ကြီး ဦးဘဦးတို့ ငယ်စဉ် တက္ကသိုလ်ကျောင်းသား ဘဝက အင်္ဂလန် တက္ကသိုလ်သို့ ကျောင်းတက်ရန်သွားစဉ် သမ္မတ ကြီးနှင့် မြန်မာကျောင်းသားများ ကို လူဖြူသင်္ဘောသားအလုပ် သမားများက ဝန်ဆောင်မှုလုံးဝ မပေးဘဲ နယ်ချဲ့လက်အောက်ခံ အိန္ဒိယလူမျိုး သင်္ဘောသားများ ကိုသာ ဝန်ဆောင်မှုပေးစေပြီး တန်းတူရည်တူ မဆက်ဆံပဲ ချိုးနှိမ်ခံခဲ့ရသည်။
ဝတ်စုံချုပ်ရာ၌ပင် အင်္ဂလန် သား စက်ချုပ်သမားတို့က ပုံ မကျ ပန်းမကျ ဖြစ်အောင် မလွှဲ မရှောင်သာဖြစ်ကတတ်ဆန်း ချုပ်ပေးခဲ့သည်ဆို၏။ တက္ကသိုလ် ၌ စာသင်ရာတွင်လည်း မျက်နှာ ဖြူ ကျောင်းသားများ၏ စော် ကားနှိမ်ချ ခွဲခြားဆက်ဆံခြင်း ကို ခံခဲ့ကြရသည်ဆို၏။
အဆိုပါ ပုဂ္ဂိုလ်များသည် ကိုလိုနီခေတ်တွင် ပညာသင် ကြားခဲ့ကြပြီး နောင်တွင် မြန်မာ့ သမိုင်းဝင်ကမ္ဘာသိထင်ရှားခဲ့ကြ သူများဖြစ်၍ သူတို့၏ ငယ်စဉ် ဘဝ လက်တွေ့ခံစားရချက်များ သည် မြန်မာတစ်မျိုးသားလုံးကို ပါ ကူးစက်ကာ နယ်ချဲ့အစိုးရကို ဆန့်ကျင်တော်လှန်ပြီး လွတ်လပ် ရေးကို ပြန်လည်ရယူနိုင်ခဲ့သည် အထိ အမျိုးသားရေးစိတ်ဓာတ် များ ကိန်းအောင်းစေခဲ့သည်။
ယနေ့မျက်မှောက်ကာလ သည် မြန်မာတစ်မျိုးသားလုံး ကမ္ဘာ့အလယ်၌ လွတ်လပ်သော လူမျိုးတစ်မျိုးအဖြစ် ကိုယ့်အစိုးရ လက်အောက်တွင် ကိုယ့်နိုင်ငံ ကိုယ့်အလံကို ဝင့်ကြွားစွာ လွှင့်ထူနိုင်ခဲ့ကြပြီ ဖြစ်သည်။
ထို့ကြောင့် ရှေးအဖို့ဆိုလျှင် ယနေ့ကျရောက်သည့် ၁၀၁ နှစ်မြောက် အမျိုးသားနေ့၏ ''အမျိုးသားစည်းလုံးညီညွတ် ရေး စိတ်ဓာတ်'' ခိုင်မာစွာဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ် လုံး ယာယီကြုံတွေ့နေသည့် အဖျက်ရန်မှန်သမျှ တွန်းလှန် ချေမှုန်းကာ ခိုင်မာစွာ လက်တွဲ ချီတက်ကြမည်ဆိုလျှင်-----။