နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ ယီမင်စစ်ဘက်ဆိုင်ရာပစ်မှတ်များကို တိုက်ခိုက်

ဆာနာ  နိုဝင်ဘာ  ၂၈


ယီမင်နိုင်ငံ ဟူသီသူပုန်များကို တိုက်ခိုက် နေသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ သည် နိုင်ငံ၏မြို့တော် ဆာနာရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်မှုပြုလုပ် ခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။ ညွန့်ပေါင်းအဖွဲ့က အရပ်သား များကို ပစ်မှတ်ထားသည့်နေရာများနှင့် အဝေး တွင်နေရန်တိုက်တွန်းခဲ့ကြောင်း ဆော်ဒီအစိုးရပိုင် ရုပ်သံကတစ်ဆင့်ဖော်ပြသည်။ 


ယီမင်မြောက်ပိုင်းရှိ  အစိုးရ၏ နောက်ဆုံး အမာခံနယ်မြေဖြစ်သည့်  မာရတ်ဘ်မြို့တစ်ဝိုက် တွင် တိုက်ပွဲများပြင်းထန်နေပြီး မကြာသေးမီ ရက်များအတွင်းက ဆာနာရှိ သူပုန်များရှိရာ နေရာများကို ဆော်ဒီညွန့်ပေါင်းအဖွဲ့မှ တိုက်ခိုက် မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ 


အီရန်ကျောထောက်နောက်ခံပြု ဟူသီများ သည် ယီမင်နိုင်ငံ၏ မြို့တော်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလကတည်းက သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်ပြီး  ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ စွက်ဖက်မှုကြောင့် တောင်ပိုင်းသို့ ချီတက် သိမ်းပိုက်မှုကို ၂၀၁၅ ခုနှစ်တွင် ရပ်တန့်ခဲ့သော် လည်း ယီမင်စစ်ပွဲမှာ နှစ်အတော်ကြာဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးခဲ့သည်။  


ယီမင်ရှိ ဟူသီသူပုန်များက ဆော်ဒီညွန့်ပေါင်း အဖွဲ့ကို လက်တုံပြန်သောအားဖြင့် ဆော်ဒီ အာရေဗျကို နယ်စပ်ဖြတ်ကျော်ကာ မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။      ရဲခေါင် (Ref:AFP)






အခြားဆက်စပ်သတင်းများ