ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာမြို့တော်ကြီးများနှင့် အညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက် ရှိသည်ကို မြင်တွေ့ရပေသည်။
ထိုသို့ပြုပြင်ပြောင်းလဲမှုများတွင် ရန်ကုန်မြို့တော်ဧရိယာ အတွင်းရှိ အဓိကလမ်းမကြီးများတွင် မော်တော်ယာဉ်များ လွယ်လင့်တကူမောင်းနှင်နိုင်ရန်အတွက် လမ်းများတိုးချဲ့ခြင်း၊ လူသွားစင်္ကြံများပြုပြင်ခြင်း၊ ရေမြောင်းများ ပြင်ဆင်တူးဖော်ခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ က ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်မြို့တော်တွင် တိုးတက်များပြားလာသည့် မော်တော် ယာဉ်စနစ်တကျသွားလာနိုင်ရေးအတွက် ယာဉ်များ အကြောင်းမဲ့ ရပ်တန့်ခြင်း၊ ခရီးသည်တင်ယာဉ်များ ရပ်၊ တင်၊ ချ စနစ်ကျင့်သုံး၍ ယာဉ်စည်းကမ်းစနစ်တကျလိုက်နာဆောင်ရွက်လျက်ရှိပေသည်။
ရန်ကုန်မြို့တော်ရှိ မြို့နယ်အချို့တွင် မကြာမီရက်ပိုင်းအတွင်း နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် လူစု လူဝေးအနည်းငယ်ဖြင့် ဆူပူဆန္ဒပြမှုဖြစ်စဉ်များ လူမှုကွန်ရက် စာမျက်နှာများမှ ဝါဒဖြန့်ချိမှု၊ အကြမ်းဖက်ဖျက်ဆီးမှုများ ဖြစ်ပေါ် ခဲ့ပေသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်ပြေးဆွဲလျက်ရှိသော အချို့ယာဉ်လိုင်းများကို စီးနင်းလိုက်ပါမှုမပြုရန် လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများလုပ်ဆောင်လာကြသည်။ စီးပွားရေးလုပ်ငန်း ရှင်များကိုလည်း အကျပ်ကိုင်ခြိမ်းခြောက်လျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီးအတွင်း ပြည်သူလူထုအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းရှင်များ၊ တာဝန်သိပြည်သူများ၏ ပူးပေါင်းဆောင် ရွက်မှုများကြောင့် ကျောင်းများ၊ ဈေးများ၊ ကုန်တိုက်များ၊ ခရီး သည်တင်ယာဉ် ပုံမှန်အတိုင်းသွားလာလျက်ရှိပေသည်။
တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထု၏အကျိုး စီးပွားကိုရှေးရှု၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိ သူအဆင့်ဆင့်က ဆူပူဆန္ဒပြမှုနှင့် အကြမ်းဖက်ဖျက်ဆီးမှုများ အား ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပေသည်။
ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများ အန္တရာယ်မှ ပူးပေါင်းကာကွယ်သွားရန် မြို့တော်သူ၊ မြို့တော်သား များအနေဖြင့် ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် စေချင်ကြောင်း ။ ။