နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ရှေ့ဆောင်ဘဏ် ဓားပြတိုက်ရာတွင် ပါဝင်သည့် တရားခံများဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၈


နိုဝင်ဘာ ၂၆ ရက်ကဖြစ်ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ ရှေ့ဆောင်ဘဏ် ဓားပြတိုက်မှုဖြစ်စဉ် နှင့်ပတ်သက်၍ တရားခံများ ဖမ်းဆီးရမိ ရေးစုံစမ်းဖော်ထုတ်ရာ နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် အဆိုပါ ဘဏ်မှဝန်ထမ်းများဖြစ်သော ရမည်း သင်းမြို့နေလက် ထောက်ကြီးကြပ်ရေး မှူးများဖြစ်သည့် ကျော်ကျော်ဦး ၃၃ နှစ်နှင့် ဝေဖြိုးလှိုင်  ၃၁ နှစ်၊ ဘဏ်ခွဲ ဒုမန်နေဂျာဖြစ်သူ သန်းဇော်ကို ၄၃ နှစ် တို့ကို ဖမ်းဆီးရမိသည်။


တရားခံများ၏ ထွက်ဆိုချက်များ အရ နိုဝင်ဘာ ၂၇ ရက်တွင် လုယက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်စီစဉ် သူကျော်စိုးသိန်း ၂၉ နှစ်ကို ၎င်း၏နေ အိမ်တွင်လည်းကောင်း၊ ဘဏ်အတွင်း ဝင်ရောက် လုယက်သူများဖြစ်သည့် ရမည်းသင်းမြို့၊ အလယ်ကုန်းအုပ်စု၊ ပေါက်ကုန်းကျေးရွာနေ ကျော်ခိုင်ဦး ၄၂ နှစ်နှင့် ညောင်ပင်သာကျေးရွာနေ  ဇော်ကြီး ၃၈ နှစ်တို့ကို လုယက်မှု ကျူးလွန်ရာတွင်  အသုံးပြုသည့် ဆိုင်ကယ်နှစ်စီး၊ ဓားဦးချွန်နှစ်ချောင်း တို့နှင့်အတူ အလယ်ကုန်းကျေးရွာရှိ ဇော်ကြီး၏နေအိမ်၌ ထပ်မံဖမ်းဆီးရ မိခဲ့သည်။


တရားခံ ကျော်စိုးသိန်း၏ ထွက်ဆို ချက်အရ ဘဏ်မှလုယက်ရရှိသည့် ငွေများအား  ၎င်း၏ ညီအရင်း တော်စပ် သူရမည်းသင်းမြို့၊ ကြည်တော်ကုန်း ရပ်ကွက်နေ ရမည်းသင်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှယာဉ် မောင်း မောင်တိုး(ခ) တိုးတိုးနှင့်အတူ သယ်ဆောင်၍ ၎င်း၏ အဒေါ်ဖြစ်သူ ရမည်းသင်းမြို့၊ ဝါးတိုးအရှေ့ရပ်ကွက် နေဒေါ်ကျင်ဌေး၏ နေအိမ်၌သွား ရောက်သိမ်းဆည်းခဲ့ပြီး ဒေါ်ကျင်ဌေး နှင့်၎င်း၏သမီးဖြစ်သူ သန္တာဖွေး (ခ)ဖွေးဖွေးတို့က လက်ခံသိမ်းဆည်းပေး ထားကြောင်း ဖော်ထုတ်ရရှိသဖြင့် ဒေါ်ကျင်ဌေး ၅၄ နှစ်နှင့် မသန္တာဖွေး (ခ)ဖွေးဖွေး ၂၄ နှစ်တို့ကို  ၎င်းတို့၏နေအိမ် ၌လက်ခံ ထိန်းသိမ်းထားရှိသည့်ငွေ ကျပ် သိန်း ၁,၀၁၅ တို့နှင့်အတူ နိုဝင်ဘာ ၂၆ ရက် ည ၁၂ နာရီ ၄၅မိနစ်တွင် လည်းကောင်း၊ မောင်တိုး(ခ)တိုးတိုး ၃၁ နှစ်ကို ရမည်းသင်းမြို့၊ မြို့မရပ်ကွက်၊ ကြည်တော်ကုန်းရပ်ရှိ ၎င်း၏နေအိမ် ၌လုယက်မှု ကျူးလွန်ရာမှ ရရှိသည့် ငွေကျပ် သိန်း ၅၀ နှင့်အတူ နိုဝင်ဘာ ၂၇ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိသည်။


တရားခံများ၏ ထွက်ဆိုချက်များ အရ ၎င်းတို့၏ လောင်းကစားပြုလုပ် ခြင်းများအတွက် ငွေကြေးလိုအပ်ချက် များအရ ဘဏ်လုယက်မှုအား ကျူးလွန် ခြင်းဖြစ်ကြောင်း သိရသည်။     

 ဆွေဦး






အခြားဆက်စပ်သတင်းများ