နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၄ ကြိမ်မြောက် ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွန်ဗန်းရှင်းတွင် အမေရိကန်ဒေါ်လာ ၉၁ ဘီလီယံတန် ပရောဂျက်များကို လက်မှတ်ရေးထိုး

ပေကျင်း    နိုဝင်ဘာ  ၂၇


တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ အန်းဝေးပြည်နယ်၏ မြို့တော် ဟယ်ဖေမြို့တွင် ကျင်းပခဲ့သည့် ၄ ကြိမ်မြောက် ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွန်ဗန်းရှင်းတွင် ယွမ် ၅၈၂ ဒသမ ၁၈ ဘီလီယံ ကန်ဒေါ်လာ ၉၁ ဘီလီယံ တန်ဖိုးရှိ ပရောဂျက်ပေါင်း ၇၀၃ ခုကို သဘောတူလက်မှတ်ရေးထိုးသည်။ 


အဆိုပါကွန်ဗင်းရှင်းကို နိုဝင်ဘာ ၂၂ ရက်ကအဆုံးသတ်ခဲ့ပြီး ဆန်းသစ် တီထွင်မှု၊ အရည်အသွေးမြင့်သော တိုးတက်မှုအတွက် ဒီဂျစ်တယ် အသုံးပြု နိုင်ငံတကာကုန်ထုတ်လုပ်မှု စက်မှုလုပ်ငန်းဟူသော ဆောင်ပုဒ် အောက်တွင်   ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အရည်အသွေးမြင့်သော ကုန်ထုတ်လုပ် မှုကိုမြင့်တင်နိုင်ရန် ရည်ရွယ်ထားကာ တရုတ်နှင့် အခြားနိုင်ငံများအကြား နှီးနှောဖလှယ်မှုကိုလည်း ပိုမိုနက်ရှိုင်း လာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကွန်ဗန်းရှင်းတွင် ရေးထိုးခဲ့ သော ပရောဂျက်များတွင် ယွမ် ၅၃၃ ဒသမ ၄၉ ဘီလီယံတန် ကုန်ထုတ် လုပ်ငန်းဆိုင်ရာ ပရောဂျက်ပါဝင်ပြီး၊ ယွမ် ၁ ဘီလီယံတန် ပရောဂျက်ပေါင်း ၁၆၇ခုနှင့် ယွမ် ၁၀ ဘီလီယံတန် ပရောဂျက် ၇ ခုလည်း ပါဝင်သည်။ 


သဘောတူလက်မှတ်ရေးထိုးထား သော ပရောဂျက်သစ်များတွင် လျှပ်စစ် ကားနှင့် ဘတ်ထရီကားကဲ့သို့သော စွမ်းအင်နှင့်ပတ်သက်သည့် ပရောဂျက် များ ၆၆ ခုပါဝင်ပြီး၊ အချက်အလက် နည်းပညာဆိုင်ရာ ပရောဂျက်ပေါင်း ၈၇ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ တန်ဖိုးအား ဖြင့် ၁၄၆ ဒသမ ၃၇ ယွမ်နှင့် ၉၁ ဒသမ ၇၃ ယွမ် အသီးသီးရှိသည်။ 


ကွန်ဗန်းရှင်းကို အွန်လိုင်း၊ အော့ဖ်လိုင်းနှစ်ခုလုံးဖြင့် ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ် ပေါင်း ၁၄၀၀ ကျော်တက်ရောက်ခဲ့ကာ နိုင်ငံခြားသံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကုမ္ပဏီပေါင်း ၅၀၀ ကျော်မှ  အကြီးတန်း မန်နေဂျာများလည်း တက်ရောက်ခဲ့ ကြောင်း ကွန်ဗန်းရှင်းကျင်းပရေး ကော်မတီက ပြောသည်။


မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ