နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PDF အကြမ်းဖက်သမားများက ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်သူ သုံးဦး သတ်ဖြတ် ကျောင်းမီးရှို့

ရန်ကုန်၊ နိုဝင်ဘာ ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦး မြို့နယ်အတွင်း PDF အကြမ်းဖက်သမား များ၏ နည်းမျိုးစုံဖြင့် လုပ်ကြံသတ်ဖြတ် မှုများကြောင့် ကျေးရွာအတွင်းနေထိုင် လျက်ရှိသော ပြည်သူများသည် ယင်းတို့၏ နေအိမ်များတွင် မနေထိုင် ရဲတော့ဘဲ ကျေးရွာဘုန်းကြီးကျောင်း ဝင်းအတွင်း သွားရောက်ရှောင်တိမ်း နေထိုင်ရသည်။


ထိုသို့ ကျေးရွာသားများ၏ ရှောင်တိမ်းနေထိုင်ခြင်းအား လက်ခံ စောင့်ရှောက်ထားသည့်ရွာသစ်ကုန်း ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်သမား     အင်အား ၅၀ ဦးခန့်က နိုဝင်ဘာ ၂၅ ရက်၊   မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် သေနတ်၊ ဓားများ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး အဆိုပါ ဘုန်းကြီးကျောင်းဝင်းအတွင်း ရှောင်တိမ်းနေထိုင်သူများအနက် အချို့အား သတ်ဖြတ်ကာ ဘုန်းကြီး ကျောင်းကို မီးရှို့ဖျက်ဆီး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ရွာသစ်ကုန်းဘုန်းကြီး ကျောင်းဆောင်တစ်လုံးနှင့်  ပစ္စည်း ထားသိုသည့်  စတိုခန်းတစ်လုံးတို့ မီးလောင် ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း အတွင်း   ရှောင်တိမ်းနေထိုင်သည့် ကျေးရွာနေသူများဖြစ်သည့် ဦးကုလား (ခ) ဦးတင်မျိုးမောင် (၃၇)နှစ် (ဘ) ဦးကျောက်အုန်းတွင် ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဦးအုန်းကွန့်(၆၅)နှစ် (ဘ)ဦးမင်းမောင်တွင် လည်ဂုတ်ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ ဝဲလက်ချောင်းများ ပြတ်ရှဒဏ်ရာများ၊ ဦးမာ(၇၀) နှစ် (ဘ) ဦးပုတွင် ရင်ညွန့် ကျည်ထိမှန်ဒဏ်ရာ တစ်ချက်တို့ရရှိကာ သေဆုံးနေ သည်ကို တွေ့ရသည်။


ဆက်လက်၍    လုံခြုံရေးတပ်ဖွဲ့ဝင် များသည် PDF အကြမ်းဖက်သမား များ၏ သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးသူ များနှင့် ကျောင်းဝင်းအတွင်း နေထိုင် လျက်ရှိသော  အိမ်ထောင်စုငါးစု၊ လူဦးရေ ကျားလေးဦး၊ မ ၁၃ ဦး၊ ပေါင်း ၁၇ ဦး တို့ကို ခေါ်ဆောင်၍ ခင်ဦး-ရေဦး ကားလမ်းအတိုင်း ရေဦးမြို့သို့ပြန်လည် ထွက်ခွာလာခဲ့ရာ မကျီးတောကျေးရွာ ထိပ် ကြာပန်းအဝိုင်းလမ်းဆုံအရောက် တွင် အကြမ်းဖက်သူများက လမ်း၏ ယာဘက်ခြမ်းမှ လက်လုပ်မိုင်းတစ်လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ယာဉ်နှင့် လူတို့ထိခိုက်ပျက်စီးမှုမရှိဘဲ      ည  ၉  နာရီခွဲတွင် ရေဦးမြို့သို့ရောက်ရှိသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ