နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်း အမျိုးသားနှစ်ဦး သေနတ်ပြ လုယက်

ရန်ကုန်၊ နိုဝင်ဘာ ၂၇


မန္တလေးတိုင်းဒေသကြီး၊ ရမည်း သင်းမြို့၊  အောင်မင်္ဂလာရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြန်မာ့ရှေ့ဆောင် ဘဏ်သို့ အမျိုးသားနှစ်ဦး (စိစစ်ဆဲ)က ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ် ခန့်တွင် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိ လာပြီး ဘဏ်ရှေ့ရှိ လုံခြုံရေးဝန်ထမ်း နှစ်ဦးအနက် တစ်ဦးကို သေနတ်အတို (စိစစ်ဆဲ)ဖြင့် ထောက်ကာ ဓားစာခံ အဖြစ် ဘဏ်အတွင်းသို့ ခြိမ်းခြောက် ခေါ်ဆောင်ပြီး ကျန်အမျိုးသားတစ်ဦး  က   ဓားကိုင်ကာ  ဘဏ်အတွင်းသို့ လိုက်ပါဝင်ရောက်လာပြီး ကောင်တာရှိ ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၁၀၉၂ သိန်းအား ယူဆောင်၍ ဆိုင်ကယ်ဖြင့် ပျော်ဘွယ်မြို့ဘက်သို့ ထွက်သွားသည်။


တရားခံနှစ်ဦးကို       အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး   လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးရှာဖွေ လျက်ရှိသည်။                            ဆွေဦး






အခြားဆက်စပ်သတင်းများ