နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ဖြစ်စကားများရာမှ ဓားဖြင့်ထိုးသူအား အရေးယူ

ပုသိမ်ကြီး ဧပြီ ၂ ပုသိမ်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များသည် မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ပုသိမ်ကြီးမြို့နယ်၊ ဇီးချိုကုန်းကျေးရွာ၊ ရေမြောင်းအတွင်း ရေကူးနေသော လူငယ်တစ်စု ရန်ဖြစ်စကားများနေကြောင်း သတင်းအရ သွားရောက်စုံစမ်းရာ စွမ်းထက်အောင် ၁၇ နှစ် ဥယျာဉ်ကုန်း ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်နေသူတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက် ကျောကုန်း ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)၊ မြတ်သူဟိန်း ၁၇ နှစ် တမ္ပဝတီရပ်ကွက် ချမ်းမြသာစည် မြို့နယ်တွင် ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ မင်းမြတ်ညီညီ(၁၆ နှစ်)၊ ဥယျာဉ်ကုန်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူတွင် ဝဲဘက်ခါးထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် လဲကျနေ၍ အနီးရှိလူငယ်များအား စစ်ဆေးမေးမြန်းရာ ရေချိုးစဉ် စကားများရန်ဖြစ်ရာမှ အခင်းဖြစ်နေရာတွင်ရှိသူ ကျော်ဝင်းလှိုင်(၁၇ နှစ်)၊ မဟာအောင်မြေမြို့နယ်နေသူမှ လက်ထဲတွင်အသင့်ပါလာသော အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးခဲ့ရာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသဖြင့် ကျော်ဝင်းလှိုင်အား ပုသိမ်ကြီးမြို့မရဲစခန်းမှ (ပ)၁၈၉/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ