နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းဒေသထွက် စိမ်းချိုသရက်သီးမှာ လတ်ဆတ်ပြီး အရသာချိုမြိန်ခြင်းကြောင့် ဝယ်ယူစားသုံးသူများနေ

မိုင်းယောင်း၊  မေ  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လတ်ဆတ်ပြီး အရသာချိုမြိန်သည့်  ဒေသထွက် စိမ်းချိုသရက်သီးမှာ ဝယ်ယူစားသုံးသူများသဖြင့် စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေနေကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာနေ တောင်သူ ဦးနွဲ့ပျဲန်း၏ စိမ်းချိုသရက်ခြံမှ စိမ်းချိုသရက်သီးမှာ လှိုင်လှိုင်ပေါ်နေပြီး လတ်ဆတ်သည့် စိမ်းချိုသရက်သီးကို ခြံအထိ သွားရောက်ဝယ်ယူစားသုံးသူများကို လျှော့ဈေးအနေဖြင့် တစ်ကီလိုလျှင် ကျပ် ၈၀၀ ဖြင့်လည်းကောင်း၊ အိမ်ဆိုင်တွင် တစ်ကီလိုလျှင် ကျပ်၁၀၀၀ ဖြင့်လည်းကောင်း ရောင်းချပေးရာ ဒေသထွက် လတ်ဆတ်ပြီး အရသာချိုမြိန်သည့် စိမ်းချိုသရက်သီးမှာ ဝယ်ယူစားသုံးသူများနေကြောင်း သိရသည်။

အဆိုပါ စိမ်းချိုသရက်သီးသည် စိမ်းစိုလတ်ဆတ်၍ အရသာချိုမြိန်ပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်း များဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ထားသည့် (GAP) အသိအမှတ်ပြုလက်မှတ်ရရှိထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးထံမှ သိရသည်။

အားချာ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ