နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကုတ်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ စစ်ဆေးစဉ် အစစ်ဆေးမခံဘဲ ဟန့်တားနှောင့်ယှက်သူနှစ်ဦးအား အရေးယူ

မိုးကုတ် ဧပြီ ၂ မိုးကုတ်မြို့နယ်၌ ဌာနဆိုင်ရာများက ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ စစ်ဆေးနေစဉ် အစစ်ဆေး မခံဘဲ ဟန့်တားနှောင့်ယှက်သူနှစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း ဒေသခံများထံမှ သိရသည်။ မတ် ၃၀ ရက်၊ မွန်းလွဲ ၁နာရီ ၂၀ မိနစ်က မိုးကုတ်မြို့နယ်၊ ကျောက်ဖြူရပ်ကွက် မိုးကုတ်-မန္တလေး ကားလမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ ကျန်းမာရေးစစ်ဆေးသည့်နေရာ၌ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ မိုးကုတ်မြို့ဘက်သို့ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာသည့် ဦးဇော်လွင်နှင့် ဒေါ်ဝါဝါတို့မှာ အစစ်ဆေး ခံခြင်းမရှိဘဲ အပြန်လှန် စကားများခဲ့ကြသည့်ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ "အမှုဖွင့်တယ်ဆိုတာ ဟုတ်ပါတယ်။ ပုဒ်မက ၂၉၄ နဲ့ ၃၅၃ ပါ။ တရားလိုက ကျပ်ပြင်အုပ်ချုပ်ရေးမှူးပါ။ မနေ့ည ၈ နာရီလောက်က နေအိမ်မှာ ၂ ဦးစလုံးမိတယ်။ ခေါ်လာတယ်။ ကျပ်ပြင်ရဲစခန်းမှာစစ်တယ်။ ပုဒ်မတွေက အာမခံရတဲ့ပုဒ်မတွေဆိုတော့ ည ၁၂ နာရီလောက်မှာ သူတို့လင်မယားနှစ်ယောက်လုံး အာမခံယူသွားပါတယ်။ တရားစွဲတင်တဲ့အဆင့်တောင်မရောက်သေးပါဘူး။ ရဲလုပ်ငန်းပြည့်စုံအောင်စစ်ဆေးနေတုန်းလို့သိရပါတယ်" ဟု မိုးကုတ်မြို့နယ်မှ ဒေသခံ ဦးစိုးမြင့်က ပြောသည်။ ဦးဇော်လွင်ပါ နှစ်ဦးသည် ဆဲဆိုကာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် မတ် ၃၁ ရက် ညနေ ၆နာရီ ၅ မိနစ်တွင် ဦးဇော်လွင်ပါ နှစ်ဦးအား ကျပ်ပြင်ရပ်ကွက်အုပ်ချုပ် ရေးမှူးက တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ကျပ်ပြင်နယ်မြေရဲစခန်းမှ ဦးဇော်လွင်နှင့် ဒေါ်ဝါဝါတို့အား (ပ)၇၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃(ဆဲဆိုမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု) တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ရွှေမြင့်ဦး(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ