နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး

မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့် အထင်ရှားဆုံးမြို့ မှာ ရန်ကုန်မြို့ဖြစ်ပါသည်။    လူမှုဘဝဖြစ်ထွန်းမှုများအားလုံးကို ရန်ကုန်မြို့တွင် ရှုမဆုံးမြင်တွေ့နိုင်သည်။ ရန်ကုန်မြို့တွင်              မော် တော်ယာဉ်များ တိုးတက်များပြားလာမှုမှာ အများဆုံးစုပြုံနေ သည်ဟု ဆိုနိုင်ပါသည်။


တိုးတက်ပြောင်းလဲလာမှုနှင့်အတူ နောက်ဆက်တွဲဆိုးကျိုး များအဖြစ်   ယာဉ်ကြောပိတ်ဆို့သဖြင့်   ခရီးသွားလာမှုကြန့်ကြာ ခြင်း၊  လမ်းပိတ်ဆို့မှုဒဏ်ခံရခြင်း၊   မော်တော်ယာဉ်များကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများ၊ မွန်းကျပ်မှုများ၊ စိတ်ဖိစီးမှုများ၊ ကျန်းမာရေးထိခိုက်မှုဆိုးကျိုးများကို ရင်ဆိုင်လာကြရပါသည်။


ရန်ကုန်တိုင်းဒေသကြီး       ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ YBS ယာဉ်လိုင်းများ၊ ကုန်တင်ယာဉ်ကြီး များ စနစ်တကျပြေးဆွဲရေး၊ ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။


တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အတွက် အဓိကအရေးပါသည့် ဘတ်စ်ကားလိုင်းများက အများ ပြည်သူသယ်ယူပို့ဆောင်ရေးအတွက် အဓိကအရေးပါသည့်အတွက် ဝန်ဆောင်မှုပေးနိုင်ရန်လိုကြောင်း     ယာဉ်စည်းကမ်း၊    လမ်း          စည်းကမ်းလိုက်နာမှုတိုးတက်စေရန်လိုကြောင်း  ဝန်ကြီးချုပ်က ထည့်သွင်းမှာကြားခဲ့ပေသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ခရီးသည်တင်ယာဉ်လိုင်း ပေါင်း ၁၀၃ လိုင်းမှ  လမ်းကြောင်း  ၁၃၆ ခု  ပြေးဆွဲလျက်ရှိပြီး ကုန်တင်ယာဉ်ကြီးများ၊ ကုန်သေတ္တာတင်ယာဉ်ကြီးများ ပြေးဆွဲ  နေသည့်လမ်းကြောင်းများနှင့် ယာဉ်ရပ်နားဝန်းများ၊ တိုးချဲ့လို သည့် အခြေအနေများနှင့် ယာဉ်ကြောပိတ်ဆို့လေ့ရှိသည့်နေရာ များကို သက်ဆိုင်ရာတို့က အကြံပြုဆွေးနွေးကြပေသည်။


ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော  မော်တော်ယာဉ်များ အနေဖြင့် ယာဉ်စည်းကမ်းနှင့်  မောင်းနှင်သွားလာခြင်းဖြင့် မလို လားအပ်သော ယာဉ်မတော်တဆဖြစ်ပွားမှုများ ကင်းရှင်းမည်ဖြစ် သည်။ မော်တော်ယာဉ်မောင်းများနှင့်   လမ်းအသုံးပြုသူများ အနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာရေး ကြိုးပမ်းစွမ်းဆောင်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ