နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှည်အနာမဲ့ရေး

အဘိုး၊ အဘွား၊ မိခင်၊ ဖခင်များနှင့် သား၊ သမီး၊ မြေး၊ မြစ်များ အတူတကွချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ အဘိုး၊ အဘွား၊ မိဘတို့ကို သား၊ သမီး၊ မြေးမြစ်များက ရိုသေလေးစားခြင်း၊ ဦးထိပ်ပန်ဆင် ခြင်း၊ ကျေးဇူးဆပ်ခြင်း၊ ပြန်လည်ပြုစုစောင့်ရှောက်ခြင်းစသည့် ဓလေ့စရိုက်များသည် မြန်မာတို့၏ မယိုင်မလဲခိုင်မြဲလျက်ရှိသော ဓလေ့စရိုက်ပင်ဖြစ်သည်။


မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံဖြစ်သော လက်ရည်တစ်ပြင်တည်း နေထိုင်ကြသည့်  မိသားစုပုံသဏ္ဍာန်မပျက်ယွင်းရန်  ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။ ထိုကဲ့သို့ ထိန်းသိမ်းစောင့်ရှောက် နိုင်ရန်အတွက် သက်ရှည်ကျန်းမာစွာ အနာရောဂါကင်းရှင်းရေးသတိပြုနေထိုင်ခြင်းသည် အဓိက ကျပေသည်။


လူတစ်ဦးတစ်ယောက်ရောဂါဖြစ်ခြင်းအကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့် ရောဂါဖြစ်ရခြင်း၊ ကူးစက် ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်း ခြင်းစသည့်အချက်သုံးချက်ပင်ဖြစ်သည်။


အစားအသောက်များကို အလွန်အကျွံစားသောက်ခြင်း၊ အဆီ၊ အဆိမ့်၊ အချို၊ အငန်များသော အစားအစာများကို စားသောက်ခြင်း၊ လူ၏ခန္ဓာကိုယ်အာဟာရမျှတစွာ မှန်ကန်စွာဖြည့်တင်းပေးပါက ကျန်းမာခြင်းကို ဖြစ်ပေါ်စေပါသည်။


ရာသီဥတုအပြောင်းအလဲတွင် ကူးစက်တတ်သောရောဂါများ ကူးစက်ခံရခြင်းကြောင့် နာမကျန်းဖြစ်ရခြင်းဖြစ်ပေါ်လာနိုင်၏။ ဥပမာ တုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ကြက်၊ ငှက်တုပ်ကွေးရောဂါကူးစက်တတ်သော ဗက်တီးရီးယား ရောဂါနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ရောဂါကူးစက်ခံရခြင်းဖြစ် သည်။


တစ်ဖန်အထိုင်များခြင်း၊ အအိပ်များခြင်းကြောင့် လူကိုဝဖြိုး စေနိုင်ပါသည်။   ကိုယ်လက်လှုပ်ရှားမှုနည်းပါးလျှင်  ခန္ဓာကိုယ် ဆူဖြိုးလာပြီး အဝလွန်ခြင်းသို့ရောက်ရှိလာနိုင်ပေရာ ကိုယ်လက် လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့်    ပိုလျှံသောကယ်လိုရီများ ဖယ်ရှားပစ်နိုင်ရန် ကျန်းမာခြင်းကို အထောက်အပံ့ပြုနိုင်ပေသည်။


ကျန်းမာအသက်ရှည်အနာမဲ့စေလိုလျှင် ဖော်ပြပါအချက် သုံးချက်ကို     သတိပြုလိုက်နာဆောင်ရွက်ခြင်းဖြင့်    မိသားစု လက်ရည်တစ်ပြင်တည်း နေထိုင်ပြုစုစောင့်ရှောက်ရိုင်းပင်းကူညီ သည့် မြန်မာ့ဓလေ့မိသားစုပုံသဏ္ဍာန်ကို ဆောင်ကြဉ်းသွားနိုင် မည်ဟု ဆိုချင်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ