ရန်ကုန်၊ နိုဝင်ဘာ ၂၃
သံသုမာလမ်းရှိ ၂၄ လက်မ ကွန်က ရစ်ပိုက် (ငမိုးရိပ်ပထမအဆင့် ပိုက်လိုင်း) နှင့်ဂန္ဓမာလမ်းရှိ ၂၄ လက်မ MDPE ပိုက် (ငမိုးရိပ်ဒုတိယအဆင့် ပိုက်လိုင်း) နှစ်ခုအား ဆက်သွယ်ထားသော ၁၆ လက်မ Inter Connection ပိုက်လိုင်း တွင် တပ်ဆင်ထားသော Gate Valve ၏ Valve Chamber သည် လိုအပ်ပါက ပိုက်လိုင်း တစ်လိုင်းနှင့်တစ်လိုင်း အပြန် အလှန် ရေအားဖြည့်ပေးရန်တပ်ဆင်ထားခြင်းဖြစ်သည်။
အဆိုပါ Valve Chamber ၏လူဝင် ပေါက် ( manhole ) အဖုံးမှာ ဖြုတ်ယူ အခိုးခံထားရပြီး နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်အစားထိုးတပ်ဆင်ပြီးကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (ရေ နှင့်သန့်ရှင်းမှု) သည် ရန်ကုန်မြို့နေ ပြည်သူများကျန်းမာရေးနှင့် ညီညွတ် ပြီးသန့်ရှင်းသော သောက်သုံးရေသုံးစွဲ နိုင်ရန် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း သိရသည် ။
အောင်သူရ