နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးအားမြင့်စက် အပူလွန်ကဲရာ နေအိမ် ၁၂ လုံးခန့် မီးလောင်

ရန်ကုန်၊ နိုဝင်ဘာ ၂၃


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ရဲဘော်ကွက်သစ်ရပ်ရှိ ခေါင်ရည်ဆိုင် အတွင်း မီးအားမြင့်စက်အပူ လွန်ကဲရာမှ မီးလောင်မှုဖြစ်စဉ် တစ်ခု နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။


" မီးလောင်မှုကတော့ Level-2 အဆင့်ပါ၊ ခေါင်ရည်ဆိုင်ရဲ့ နောက်ဖေး ကမီးအားမြင့်စက် အပူလွန်ပြီးမီးစ လောင်တာပါ"လို့ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 


မီးလောင်မှုကြောင့်ခေါင်ရည် ဆိုင်အပါအဝင် နေအိမ် ၁၂ လုံး မီးလောင် ပျက်စီးကာ မီးသတ်တွက်ချက်တန်ဖိုး ငွေ ၉၉ သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။


မီးစတင်လောင်သော ခေါင်ရည်ဆိုင် ပိုင်ရှင် အသက်(၃၅) နှစ်အရွယ်အမျိုး သားကို ပြည်ကြီးတံခွန်မြို့မ ရဲစခန်းတွင် (ပ-၂၄၂/၂၀၂၁) ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။         

ဇင်မောင်






အခြားဆက်စပ်သတင်းများ