နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက် ဗီဇာစစ်ဆေးရေးရုံး မီးရှို့ဖျက်ဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၃


စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိဆိုက်ရောက် ဗီဇာ စစ်ဆေးရေးရုံးအား နိုဝင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် အကြမ်းဖက်သူ များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ဈေးတန်းရပ်ကွက်ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးရှေ့ အာရှလမ်းမ ကြီးပေါ်တွင်တည် ဆောက် ထားသည့် မြန်မာ-အိန္ဒိယနယ်စပ် လူဝင်ထွက် စစ်ဆေးရေးဂိတ်ရှိ ဆိုက်ရောက် ဗီဇာစစ်ဆေးရေးရုံးကို အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး သွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ရာ အလျား ပေ ၃၀၊ အနံ ၁၀ ပေရှိ RC တစ်ထပ် ဗီဇာစစ်ဆေးရေးရုံး၏ ပြတင်းတံခါးမှန် ခြောက်ချပ်အား အကြမ်းဖက်သူများက ရိုက်ခွဲ ဖျက်ဆီး ဝင်ရောက်ပြီး ရုံးခန်းအတွင်းရှိ ဖိုက်ဘာ ခုံများပေါ်သို့ ဓာတ်ဆီလောင်းကာ မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ရုံးအတွင်းတပ်ဆင် ထားသည့် ဝိုင်ယာကြိုးများ၊ ဖိုက်ဘာ ထိုင်ခုံ လေးလုံးနှင့် ဗီနိုင်းဆိုင်းဘုတ် တစ်ခုတို့ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ သည်။


အဆိုပါ စစ်ဆေးရေးရုံးအား ကိုဗစ်-၁၉ ရောဂါ  တားဆီးကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များနှင့်အညီ မတ် ၁၀ ရက် မှစ၍ ယာယီပိတ်သိမ်းထားခြင်းဖြစ် ကြောင်းသိရှိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ