နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၂


နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ ပြည်သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့်အစိုးရဝန်ထမ်းများကို လုပ်ကြံ သတ်ဖြတ်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့်  အကြမ်း ဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် NLD ပါတီဝင်၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ၊  ဗိဿနိုး နယ်မြေ PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင်ကို  နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် ရပ်စောက်မြို့နယ်၊ နောင်ဘိုကျေးရွာ အနီး နောင်ဘိုပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။    


တရားခံ ဝင်းမြင့်လှိုင်နှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံ သတ်ဖြတ်မှုများတွင် အသုံးပြုလျက် ရှိသည့် Sig Sauer P320 အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၄ ခု၊ ၉ မမ ကျည် ၁၁၆ တောင့်တို့ကို သိမ်းဆည်း ရမိခဲ့သည်။    


တရားခံဝင်းမြင့်လှိုင်၏ ထွက်ဆို ချက်အရ ယင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တောင်တွင်းကြီး မြို့ပေါ်၌ ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်  ပါဝင်ခဲ့ကြောင်း၊ မေလအတွင်း KNU တပ်မဟာ (၂) နယ်မြေသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး တပ်မဟာ (၂) မှ  MA-3 သေနတ်တစ်လက်နှင့်၊ လက်ပစ်ဗုံးလေး လုံးကို ယူဆောင်၍ မကွေးတိုင်းဒေသ ကြီး၊ မြို့သစ်မြို့သို့  ပြန်လာခဲ့ကြောင်း၊ ယင်းယူဆောင်လာသည့် လက်နက် ခဲယမ်းများကို တောင်တွင်းကြီး PDF  အဖွဲ့ဝင်များဖြစ်သည့်  ကျီးကန်း၊ ဇော်ရင် တို့ကိုပေးအပ်၍ တောင်တွင်းကြီးမြို့နယ် ပညာရေး မှူးရုံး၊  မြန်မာ့စီးပွားရေးဘဏ် နှင့်ရဲစခန်းတို့ကို ဖောက်ခွဲဖျက်ဆီးမှု များလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇွန်လ အတွင်း KNU အဖွဲ့ဝင် ကိုကျော်နှင့် ချိတ်ဆက်၍ ပစ္စတို ၄ လက်၊ ကျည်အိမ် ၈ ခု၊ ၉ မမ ကျည် ၂၁၆ တောင့်ကို ဝယ်ယူ၍ တောင်တွင်းကြီး PDF အဖွဲ့ဝင် ပါလေးထံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။           ဆွေဦး






အခြားဆက်စပ်သတင်းများ