ရန်ကုန် နိုဝင်ဘာ ၂၁
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကိုနယ်စပ် ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက် တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၂၀၇ ဦး၊ အမျိုးသမီး ၂၀၄ ဦး၊ စုစုပေါင်း ၄၁၁ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၂၇ ဦး၊ စုစုပေါင်း ၅၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသားတစ်ဦး တို့ကို အသီးသီးလက်ခံခဲ့ကြသည်။
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ယင်းတို့ နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုး တွေ့ရှိသူများကို သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ် မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ (WP)