နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးသန်း Doses အနက် ဒုတိယအသုတ် တစ်သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

ရန်ကုန်  နိုဝင်ဘာ  ၂၁


ကျန်းမာရေး ဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ဦးစားပေးအစီအစဉ် များအလိုက် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ထိုးနှံပေးရန်အတွက် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးသန်း Doses ထပ်မံ ၍ လှူဒါန်းပေးအပ်ခဲ့ရာ ၎င်းနေ့တွင် ပင် ပထမအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်သန်း Doses ရောက်ရှိပြီးဖြစ်သည်။ ဆက်လက်၍ ဒုတိယအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်သန်း Doses နှင့် ဆေးထိုးအပ် ၁ ဒသမ ၅ သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီတွင် ရောက်ရှိလာခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင် သည့်အဖွဲ့မှ လက်ခံရယူခဲ့သည်။  ယခု ထပ်မံရောက်ရှိလာသည့် ကာကွယ် ဆေးများကို အသက် ၁၂ နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများနှင့် အခြား သတ်မှတ်လူအုပ်စုများကို ထိုးနှံပေး သွားမည်ဖြစ်သည်။ အဆိုပါကာကွယ် ဆေးများကို တိုင်းဒေသကြီး၊ ပြည်နယ် များသို့ လိုအပ်ချက်အရ မြေပြင်ခရီး လမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်း တို့၏ အကူအညီဖြင့် လေကြောင်းခရီး မှလည်းကောင်း အအေးလမ်းကြောင်း မပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်အထိ လူဦးရေ စုစုပေါင်း ၁၅ ဒသမ ၂ သန်းကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၀ ဒသမ ၃ သန်းနှင့် ပထမအကြိမ်ထိုးနှံ ပြီးစီးသူ ၄ ဒသမ ၉ သန်းရှိပြီဖြစ်သည်။


ထို့ကြောင့် နိုဝင်ဘာ ၁၉ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၅ ဒသမ ၅ သန်း ထိုးနှံပြီးဖြစ်သည်။ မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုမပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှု ခံယူခြင်း၊ ပထမအကြိမ် ကာကွယ် ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာ ကာကွယ် ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ တွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန်နှင့် မိမိကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုဝင်များ၊ မိတ်ဆွေများတွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရခြင်း မရှိသေးပါက ကာကွယ်ဆေးထိုးနှံခြင်း ကို မပျက်မကွက် အကြိမ်ပြည့် ခံယူမှုပြုကြစေရေး တိုက်တွန်းနှိုးဆော် ပေးကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ထားသည်။       (WP)






အခြားဆက်စပ်သတင်းများ