နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကုတ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက် ကုန်စည်ပို့ဆောင်ရေးယာဉ်များ ပြေးဆွဲရန်စီစဉ်

တောင်ကုတ်၊ နိုဝင်ဘာ ၂၁


မကြာသေးခင်က စတင်ဖွင့်လှစ်သော ရခိုင်ပြည်နယ်၊ တောင်ကုတ် စစ်ဆေးရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲပြီး  ကုန်စည်ပို့ဆောင်မည့် ကမ်းရိုးတန်းသွားရေယာဉ်များကို ယခုလ ကုန်ပိုင်းမှစ၍ ပြေးဆွဲနိုင်စေရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရခိုင်ကုန်သွယ်ရေးဇုန်မှ ပြည်ပတင်ပို့မည် ပို့ကုန်များကို စစ်တွေ ကုန်သွယ်ရေးစခန်းတွင် အစစ်ဆေးခံစရာမလိုတော့ဘဲ တောင်ကုတ် မှ တိုက်ရိုက်တင်ပို့နိုင်စေရန် တောင်ကုတ်စစ်ဆေးရေးစခန်း(Check Gate) ကို နိုဝင်ဘာ ၁၀ ရက်က ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။


လက်ရှိတွင် တောင်ကုတ်စစ်ဆေးရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တိုက်ရိုက်ပြေးဆွဲပြီး ကုန်စည်ပို့ဆောင်သောရေယာဉ်များမရှိ သေးသော်လည်း ယခုလကုန်ပိုင်းမှစ၍ ပြေးဆွဲနိုင်စေရန် ကုန်သည် များထံမှ ပို့ဆောင်ပေးရမည့် ကုန်စည်ပစ္စည်းများ စုဆောင်းပြီး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယခင် တောင်ကုတ်မှ ပြည်ပသို့ ရေလမ်းကြောင်းဖြင့် ပို့ဆောင် သော ကုန်ပစ္စည်းများကို စစ်တွေကုန်သွယ်ရေးစခန်းတွင် ချကာ အစစ်ဆေးခံပြီးမှ တစ်ဖက်နိုင်ငံသို့ထွက်ခွာမည့် ရေယာဉ်ပေါ်သို့တင် ကာ ကုန်ပစ္စည်းများကို ပို့ဆောင်ခြင်းဖြစ်သည်။


ယခုအခါ တောင်ကုတ်စစ်ဆေးရေးစခန်းကို ဖွင့်လှစ်လိုက်သည့် အတွက် တောင်ကုတ်မှ ပြည်ပသို့ ရေလမ်းကြောင်းဖြင့် ပို့ဆောင်သော ကုန်ပစ္စည်း များကို စစ်တွေကုန်သွယ်ရေးစခန်းတွင်ချကာ အစစ်ဆေး ခံစရာမလိုတော့ဘဲ   တောင်ကုတ်စစ်ဆေးရေးစခန်းတွင်သာ အပြီး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  သို့ရာတွင် အဆိုပါပို့ကုန်များအတွက် ပေးဆောင်ရမည့်အခွန်များ ကောက်ခံ ခြင်းကို  စစ်တွေကုန်သွယ်ရေးစခန်းတွင်  ဆောင်ရွက်ရမည်ဖြစ် ကြောင်း သိရသည်။


ယခုလက်ရှိ ရခိုင်ကုန်သွယ်ရေးဇုန်တွင် စစ်တွေကုန်သွယ်ရေး စခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့မှနေ၍ ပို့ကုန်၊ သွင်းကုန် များ နေ့စဉ်စီးဆင်းလျက်ရှိပြီး ဒေသခံများအနေနှင့်လည်း အလုပ် အကိုင်များ မပြတ်ရရှိနေကြောင်း သိရသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ