နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေစပါးစိုက်ပျိုးရေး အဆင်ပြေစေရန် သဖန်းဆိပ်ဆည်ရေ ပေးဝေမည်

စစ်ကိုင်း၊ နိုဝင်ဘာ ၂၁


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ - ၂၀၂၂ ခုနှစ် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရန်အတွက် သဖန်းဆိပ်ဆည်မှ လာမည့်           ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှစတင်ပြီး ရေပေးဝေသွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


တိုင်းဒေသကြီးအတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁- ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါး ၂၇၃၀၀၀ ဧကနှင့် အခြားသီးနှံ ၇၅၀၀၀ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိသည်။


သဖန်းဆိပ်ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးမည့် အစီအစဉ်တို့ကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ရွှေဘို၊  ဝက်လက်၊  ခင်ဦး၊ ရေးဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ကန့်ဘလူမြို့နယ်တို့တွင် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားသကဲ့သို့ အခြားသီးနှံစိုက်ပျိုးရန်အတွက် ရွှေဘို၊  ဝက်လက်၊  ခင်ဦး၊  ဒီပဲယင်းမြို့နယ်တို့တွင် စိုက်ပျိုးရန်စီစဉ် ထားရှိပြီးဖြစ်ကြောင်း သိရသည်။


တောင်သူလယ်သမားများအနေဖြင့် မိုးစပါးနှင့် မိုးသီးနှံရိတ် သိမ်းပြီးချိန် နွေစပါးနှင့် အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သီးနှံပိုးမွှား ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ  ညွှန်ကြားချက်များ၊  မြေဆီလွှာ ဖြည့်တင်းရေးဆိုင်ရာ လုပ်ငန်းများနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့ များ ကြိုတင်စုဆောင်းရေးဆိုင်ရာ လုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာနဖြင့်ချိတ်ဆက်၍ ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ