ပေကျင်း၊ နိုဝင်ဘာ ၂၁
၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် လကမ္ဘာတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန်အတွက် ရုရှားနှင့်ပူး ပေါင်းမည်ဟု ကြေညာခဲ့ပြီး အောက်စီ ဂျင်ထုတ်လုပ်ရန် ၂၀၃၀ ခုနှစ်ကို လျာ ထားကြောင်း သိရသည်။
လကမ္ဘာသည် နေထိုင်ရန် မသင့် လျော်သည့် ဂြိုဟ်တစ်ခုဖြစ်ပြီး အောက်စီဂျင်မရှိခြင်းကြောင့် အချိန် ကြာမြင့်စွာ နေထိုင်ရန်အတွက် အခြေ စိုက်စခန်းကို ထူထောင်ရမည်ဖြစ် ကြောင်း၊ အောက်စီဂျင်သည် လကမ္ဘာ တွင် မရှိမဖြစ်လိုအပ်သော အရင်းအ မြစ်တစ်ခုဖြစ်သည့်အတွက် ယင်းကို ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။
လပေါ်ရှိ ဓာတ်ငွေ့ပုံစံတွင် အောက် စီဂျင်မရှိသော်လည်း အောက်စီဂျင် ပါ၀င်သော အရာများစွာရှိသဖြင့် ယင်း တို့သည် အောက်စီဂျင် ပါ၀င်သော အရာများဖြစ်သည့် ဆီလီကာ၊ ဖရိုရက်စ် အောက်ဆိုဒ် စသည်တို့ကဲ့သို့သော လမြေကြီးတွင် ရှိနေကြောင်း၊ အဓိက ကုန်ကြမ်းများမှာ လမြေဆီလွှာရှိ ilmenite နှင့် ferrous oxide များဖြစ်ပြီး ထိုအရာများကို ၁၆၀၀ ဒီဂရီစင်တီ ဂရိတ်မှ ၂၅၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးသောအခါတွင် စွမ်းအင်ရရှိပြီး လကမ္ဘာမြေတွင် အောက်စီဂျင် အိုင်း ယွန်းများဖြစ်လာနိုင်ကြောင်း သိပ္ပံ ပညာရှင်များက ပြောသည်။
အဆိုပါ အောက်စီဂျင်အိုင်းယွန်း များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်နိုင် သောကြောင့် အောက်စီဂျင်ကို ဖြစ်ပေါ် လာမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (Ref:BBC)