နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကို ဖင်လန်နိုင်ငံက ဦးဆောင်နေ

ဟယ်ဆင်စကီး၊  နိုဝင်ဘာ ၂၁


စကော့တလန်တွင် ကျင်းပနေသည့် ကုလသမဂ္ဂ၏ Cop26  ရာသီဥတုပြောင်း လဲမှုဆိုင်ရာ   ထိပ်သီးအစည်းအဝေး အတွင်း    အငြင်းပွားမှုများနှင့်အပြန် အလှန်စွပ်စွဲချက်များရှိနေပြီး  ဖင်လန် နိုင်ငံကမူ ရာသီဥတုပြောင်းလဲရေး အတွက် ဦးဆောင်နေကြောင်း သိရ သည်။


ဖင်လန်၏ ကမ်းရိုးတန်းမြို့ဖြစ်သော တာကုတွင် အာဏာပိုင်များသည် ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၁၉၉၀ ခုနှစ်များ အဆင့်မှ ထက်ဝက်ကျော်လျှော့ ချထားပြီးဖြစ်နေပြီး ယခုဆယ်စုနှစ်မ ကုန်မီ ကာဗွန်မျှခြေ အခြေအနေသို့ ရောက်ရှိတော့မည် ဖြစ်သည်။ 


ထို့ပြင်   မြို့အုပ်ချုပ်ရေးအဖွဲ့၏ မူဝါဒများတွင်လည်း ဂေဟစနစ်နှင့်ကိုက်  ညီသော သယ်ယူပို့ဆောင်ရေးနှင့် သစ် လုပ်ငန်း၏ စွန့်ပစ်ပစ္စည်းဖြစ်သော သစ် အပိုင်းအစများမှ  အပူပေးခြင်းပါဝင် ကြောင်း သိရသည်။ အဆိုပါအစီအစဉ် များတွင် ကျောင်းများမှ အစားအသောက် များတွင် အမဲသားနေရာတွင် ဟင်းသီး ဟင်းရွက် အသားဓာတ်ကို အစားထိုးပြီး စားသုံးမှုလျှော့ချရေးအတွက် အပ်ချုပ် စက်များနှင့် နှင်းဂေါ်ပြားများငှားရမ်း ခြင်းလည်း ပါဝင်ကြောင်း သိရသည်။

မျိုးဝင်း(Ref:BBC)






အခြားဆက်စပ်သတင်းများ