ဝါရှင်တန်၊ နိုဝင်ဘာ ၂၁
သမ္မတဘိုင်ဒင်သည် မေ့ဆေးပေး ဆေးကုသမှုခံယူရန် သမ္မတတာဝန်အ တွက် ဒုတိယသမ္မတ ကင်မလာဟား ရစ်ကို ခေတ္တလွှဲပြောင်း ပေးအပ်လိုက် သောကြောင့် ဟားရစ်သည် အမေရိကန် သမ္မတတာဝန်ကို ထမ်းဆောင်သည့် ပထမဆုံး အမျိုးသမီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြကြသည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သော ဘိုင် ဒင်သည် ဝေါ်လ်တာရိဒ် အမျိုးသားစစ် ဆေးရုံတွင် မေ့ဆေးပေးကာဆေးကုသ မှုခံယူမည်ဖြစ်ကြောင်း၊ ဟားရစ်သည် သမ္မတတာဝန်များကို ထမ်းဆောင်သည့် ပထမဆုံး အမေရိကန် အမျိုးသမီးဖြစ် လာကြောင်း အိမ်ဖြူ တော်က ကြေညာ ခဲ့ခြင်းဖြစ်သည်။
သမ္မတဘိုင်ဒင် တာဝန်မထမ်းဆောင် နိုင်စဉ် ဟားရစ်သည် အိမ်ဖြူတော် အနောက်ဆောင်ရှိ သူမ၏ ရုံးခန်းမှ တာဝန်များကို ထမ်းဆောင်မည်ဖြစ် ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ က ပြောသည်။
ဘိုင်ဒင်သည် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် အာဏာလွှဲပြောင်းပေးပြီး နံနက် ၁၁ နာရီ ၃၅ မိနစ်ရောက်မှ တာဝန်များကို ပြန်လည်ထမ်းဆောင် မည်ဖြစ်ကြောင်း အထက်လွှတ်တော် နှင့် အောက်လွှတ်တော်သို့တရားဝင်စာ ပေးပို့ခဲ့ပြီး ဟားရစ်အနေဖြင့် သမ္မတ တာဝန်ကို ၈၅ မိနစ်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်သည်။ ရဲခေါင် (Ref:EuroNews)