ဝါရှင်တန်၊ နိုဝင်ဘာ ၂၁
ယူကရိန်းနယ်စပ်အနီး ရုရှားက စစ်အင်အား တိုးချဲ့နေခြင်းကြောင့် အမေရိကန်အရာရှိများအနေဖြင့် စိတ် ရှုပ်ထွေးနေပြီး ဘိုင်ဒင်အစိုးရကတုံ့ ပြန်ရမည့်အရေးကို စဉ်းစားနေကြောင်း သိရသည်။
ရီပတ်ဘလစ်ကန် အမတ်အချို့က အမေရိကန်အနေဖြင့် ယူကရိန်းကိုစစ် ရေးအရထောက်ခံမှုပေးရန် ဖိအားပေး နေသော်လည်း ထိုသို့လုပ်ပါက ရုရှား သမ္မတဗလာဒီမာပူတင်က အင်အား ပြသည့် လုပ်ရပ်ကို ထိပ်တိုက်တွေ့ပြီး ယူကရိန်းအတွက် ပိုမိုအကျပ်အတည်း ဖြစ်ကာ ဥရောပတွင် စွမ်းအင်အကျပ် အတည်း ဖြစ်စေမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောသည်။ တစ်ချိန်တည်း တွင် အမေရိကန်ဘက်မှ တုံ့ပြန်မှုအား နည်းလျှင် ကြုံရနိုင်သည့် အန္တရာယ် များရှိနေပြီး တုံ့ပြန်မှုအားနည်းပါက ပူတင်ကို ပိုမိုအတင့်ရဲစေကာ ယူကရိန်း နယ်မြေများကို ပိုမိုသိမ်းပိုက်လာမည် ကို စိုးရိမ်နေရကြောင်း၊ ထိုသို့သိမ်း ပိုက်ပါက သမ္မတ ဘိုင်ဒင်အပေါ် လူထု ထောက်ခံမှုနှုန်း ကျဆင်းနေချိန်တွင် နိုင်ငံရေးအရဆုံးရှုံးမှု ထပ်မံဖြစ်ပွားနိုင် မည် ဖြစ်သည်။
ရုရှားသည် ယူကရိန်း၏ ခရိုင်းမီး ယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းတွင် ယူကရိန်းနှင့် ရုရှားထောက်ခံသော ယူကရိန်း သူပုန်များအကြား တိုက်ပွဲများ ကြောင့် လူပေါင်း ၁၄၀၀၀ ခန့် သေဆုံး ပြီးဖြစ်ကာ ယခုအခါ ယူကရိန်းနယ် စပ်သို့ ရုရှားတပ်အင်အား ၉၀၀၀၀ ချ ထားကြောင်း ယူကရိန်းက ပြောသည်။
ရဲခေါင်(Ref:AP)