နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်ရွေးကောက်ပွဲ ဖိလစ်ပိုင် သမ္မတလောင်းများတွင် မူးယစ်ဆေးသုံးစွဲသူပါနေကြောင်း ဒူတာတေး ပြောကြား

မနီလာ၊  နိုဝင်ဘာ ၂၁


လာမည့်နှစ်တွင်ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲမှ အမည်မဖော်လိုသော သမ္မတလောင်းတစ်ဦးသည် ကိုကင်းသုံး စွဲသူဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာ တေးက  ရုပ်သံမိန့်ခွန်းတွင် ပြောကြား လိုက်သည်။  


မူးယစ်ဆေးဝါးသုံးစွဲသူနှင့် လက်လီ ရောင်းသူ ထောင်နှင့်ချီသေဆုံးစေသည့် မူးယစ်တိုက်ဖျက်ရေး စစ်ပွဲကိုဆင်နွှဲခဲ့ သည့် ဒူတာတေးက ထိုသမ္မတလောင်း ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိ သလို  မည်သည့်အထောက်အထားမျှ မပေးသော်လည်း ထိုသူသည် လွန်စွာ အင်အားချိနဲ့သည့်  ခေါင်းဆောင်ဖြစ် ကြောင်းပြောသည်။ 


လာမည့်နှစ် သမ္မတရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်သူ ဒါဇင်ပေါင်း များစွာရှိနေပြီး  ဖိလစ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေက သမ္မတသက်တမ်းကို တစ်ကြိမ်သာခွင့်ပြုသောကြောင့် ဒူတာ တေးမှာ ပြန်လည်ရွေးကောက်ခံခွင့်မ ရှိဖြစ်နေသည်။  


သို့ရာတွင် ဒူတာတေးသည် လာ မည့်နှစ်တွင် အထက်လွှတ်တော်နေရာ အတွက်ကိုမူ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုလို သမ္မတလောင်းနေရာ ဝင်ပြိုင် မည့်သူများတွင် မူးယစ်ဆေးကိစ္စဖြစ်ရ ခြင်းအတွက်     များစွာအံ့အားသင့် ကြောင်း၊ လူထုအနေဖြင့် ထောက်ခံမှု များအတွက်   စိစစ်ရွေးပေးရန်လို ကြောင်း ယင်းကပြောသည်။

ရဲခေါင် (Ref: Reuters)






အခြားဆက်စပ်သတင်းများ