နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ အပူပိုင်းဒေသ သီးနှံမျိုးကောင်းများ စိုက်ပျိုးရေးသင်တန်း Online မှ ဖွင့်လှစ်

ရန်ကုန်၊  နိုဝင်ဘာ ၂၁


တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၆ ရက်က ကြီးမှူးကျင်းပ၍ တရုတ်နိုင်ငံ အပူပိုင်းဒေသ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီမှ တာဝန်ခံကျင်းပသော မြန်မာနိုင်ငံ အပူပိုင်းဒေသ  သီးနှံမျိုးကောင်းများ  စိုက်ပျိုးရေးသင်တန်းကို အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်ခဲ့သည်။ ၂၁ ရက်ကြာမြင့်သော အဆိုပါ သင်တန်းကို မြန်မာနိုင်ငံမှ သင်တန်းသား ၂၂ ဦး တက်ရောက်ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ ဟိုင်နန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယအဆင့် စစ်ဆေးရေးမှူး Mr. Qu Fujing တို့ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ယခုအကြိမ် သင်တန်းတွင် ပန်းမန်၊ ကြံ၊ Vanilla planifolia၊ ပီလောပီနံ၊ ကိုကိုးစေ့၊ ရော်ဘာ၊ လိုက်ချီးသီး၊ ကော်ဖီ စသည့် အပူပိုင်းဒေသ သီးနှံမျိုးကောင်းများ စိုက်ပျိုးရေးသင်ခန်းစာများကို စီစဉ်ပေးထားပြီး တရုတ်နိုင်ငံ အပူပိုင်းဒေသ လယ်ယာထွက်ကုန် များ၏ အရည်အသွေး၊ ဘေးကင်းစေရေးနှင့် ခေတ်မီစိုက်ပျိုးရေး စက်မှုဥယျာဉ်များ စီမံရေးဆွဲခြင်းဆိုင်ရာ အကြောင်းအရာများပါဝင် သည်။ ထို့ပြင် သင်တန်းသားများကို အပူပိုင်းဒေသသီးနှံများ စံပြ အခြေစိုက်စခန်းအသီးသီးသို့ အွန်လိုင်းမှတစ်ဆင့် လည်ပတ်လေ့လာ နိုင်ရန်လည်း ဆောင်ရွက်ပေးထားပါသည်။ 


ဤသင်တန်းသည် နှစ်ဦးနှစ်ဖက်လုံး အတူတကွ ဂရုပြုကြသည့် အပူပိုင်းဒေသ စိုက်ပျိုးရေးနယ်ပယ်၌ အရေးပေါ်လိုအပ်နေသော ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင်ရန်၊ မြန်မာနိုင်ငံ အပူပိုင်းဒေသ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ နှစ်ဦးနှစ်ဖက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ချဲ့ထွင်ရန်တို့အတွက် အထောက်အကူဖြစ်စေပြီး မြန်မာနိုင်ငံပြည်သူ များကို အကျိုးပြု နိုင်မည်ဖြစ်သည်။                           

        (WP)






အခြားဆက်စပ်သတင်းများ