ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၏ သားကောင်များ မဖြစ်စေရန် မူးယစ်ဆေးဝါး၏အန္တရာယ် များ၊ မူးယစ်ဆေးဝါး၏အစဖြစ်သော ဆေးလိပ်သောက်ခြင်း၊ ကော်ရှူခြင်း စသည်တို့ကို စမ်းမကြည့်သင့်ကြောင်း ဟောပြောခြင်း၊ နံရံကပ်စာစောင်များ ရှင်းလင်းပြသခြင်းလုပ်ငန်းများ မတ် ၄ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာဝေနှင့် ဝန်ထမ်း များက အမက(၂၂)တောင်ဥက္ကလာပ မြို့နယ်၌ ဆောင်ရွက်ခဲ့စဉ်။ လင်းလင်းထွန်း(ပြန်/ဆက်)