နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းဆောင်ရွက်စေခိုင်းနေသော NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၀


အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်တို့၏ စေခိုင်းချက်အရ   သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင် မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဗား ကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ  ဆောင်ရွက်ခဲ့ သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော  တရားခံ ကျား ၄၀ ဦး၊ မ ၇ ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ်မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည် မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမု မိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊  ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် (မီးခိုးရောင်) ၇ ထုပ်၊  မှန်ပြောင်း ၁ ခု နှင့် စိတ်ကြွရူးသွပ် ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ ရန်ကုန်မြို့အတွင်း အကြမ်း ဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ် ဖြတ်မှုများအား လက်မခံသော တာဝန် သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် နိုဝင်ဘာလ ၁၈ ရက်တွင် NLD ပါတီဝင် မောင်ကျော် (ခ) ဖြိုးဇေယျာသော်ကို ဒဂုံဆိပ်ကမ်းမြို့နယ်၊    ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာ၊ တိုက်အမှတ် (3/B)၊   အခန်းအမှတ် (B-0907)၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်၊၊      

NLD ပါတီဝင် မောင်ကျော် (ခ) ဖြိုးဇေ ယျာသော်၏ အကြမ်းဖက်ဆောင်ရွက်မှု များကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။               ဆွေဦး






အခြားဆက်စပ်သတင်းများ