ရန်ကုန်၊ နိုဝင်ဘာ ၂၀
ကူမင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာ အောင်နှင့် ကောင်စစ်အရာရှိများသည် တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အထောက်အထားမရှိသဖြင့် မြန်မာနိုင်ငံ သို့ ပြန်ရန် ခက်ခဲနေသည့် မြန်မာနိုင်ငံ သားများကို နိုဝင်ဘာ ၁၇ ရက်တွင် ယူနန်ပြည်နယ်၊ အန်းနင်ထိန်းသိမ်းရေး စခန်း၌ သွားရောက်တွေ့ဆုံခဲ့ပြီး ထိန်း သိမ်းခံထားရသူ စုစုပေါင်း ၁၆၅ ဦး အနက် ကျား ၁၀၅ ဦး၊ မ ၆၀ ဦးကို မြန်မာနိုင်ငံသားများအဖြစ် စိစစ်အတည် ပြုပေးခဲ့သည်။ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ် ဝန်ချုပ်ရုံးအနေဖြင့် ယူနန်ပြည်နယ် လုံခြုံရေးဌာန၏ သက် ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံ ကျန်းမာရေးဌာနအနေ ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးတို့ကို ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်ပြီး နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး မည်ဖြစ်ကြောင်း သိရှိရသည်။
အောင်သူရ