နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာပဒေသာဆု အရှင်ပညိန္ဒ ( ဦးမြသန်းစံ)နှင့် တွေ့ဆုံခြင်း

စာပဒေသာဆု အရှင်ပညိန္ဒ (ဦးမြသန်းစံ)က "ဦးဇင်းတို့ ဝိပဿနာ တရားအားထုတ်လာ လာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ မှန်တယ် လို့လည်း ယူဆတာပေါ့နော်။ သို့သော် ဆရာတော် ကြီးရဲ့ သင်ခန်းစာတရားတော်တွေကို နာလိုက် တဲ့အခါမှာ ဝိပဿနာတရားကို ဘယ်လိုစနစ် တကျအားထုတ်သင့်သလဲဆိုတာ သိသွားတယ်။ ပထမဝါတော့ မှော်ဘီပေါ့။ ဒုတိယဝါကျတော့ ဆရာတော်ကြီးဆီမှာ တရားကျေးဇူးဆပ်ရင်း ဆရာတော်ကြီးဆီမှာ  ဝါဆိုမယ်၊  ဝိသုသိနတ် သင်တန်းတွေ  ဖွင့်ထားတယ်။ 


သင်တန်းတွေလည်း တက်ရင်း ဆရာတော် ကြီးကို ကျေးဇူးဆပ်မယ်ဆိုပြီးတော့ ဆရာတော် ကြီးဆီမှာ ဒုတိယဝါဆိုတာပေါ့၊ ဆရာတော်ကြီးဆီ မှာ ညစဉ်အဆုံးအမခံရင်းနဲ့ ဆရာတော်ကြီးက  အတ္ထုပ္ပတ္တိ စာအုပ်တွေကို ရေးခဲ့တာ ရွှေအင်သာ ဆရာတော်ကြီး၊ စံကင်းဆရာတော်ကြီး၊ ဒေါ်မာ လာကြီးတို့ ရေးခဲ့ပြီးတော့ သူ့ကိုရေးမယ် လူမရှိဘူး ဖြစ်နေတယ်။ အဲ့ဒါဦးဇင်းလည်း စကားစပ်ရင်းနဲ့ ဆရာတော်  တပည့်တော်  ရေးခွင့်ရှိမလားဆိုတော့ ဆရာတော်ကြီးကလည်း မှတ်စုစာအုပ်နဲ့ အကြမ်း အတိုအစလေးတွေ သူ့ဟာသူရေးထားတာလေး တွေရှိတယ်။ ဒါနဲ့ မှတ်စုစာအုပ်ကို ဓာတ်ပုံရိုက်ပြီး သူရေးခဲ့တဲ့ စာအုပ်တွေကို ဖတ်ရင်းရေးဖို့အတွက် ပြင်ဆင်ရတာပေါ့။ အဲ့တော့ ညတိုင်း ဆရာတော် ကြီးဆီမှာ အခါအားလျော်စွာ ဆရာတော်ကြီးဆီ မှာ မေးခွန်းတွေစောင့်၊ အင်တာဗျူးလုပ်၊ အသံ ဖမ်း အဲဒါတွေကို လုပ်ရတာပေါ့၊  ပြီးတော့ ဆရာ တော်ကြီးရဲ့ မွေးရပ်မြေမှာ ဆရာတော်ကြီးရဲ့ ငယ်သူငယ်ချင်း   အဟောင်းတွေနဲ့တွေ့ပြီး  အင်တာဗျူးတွေလုပ်ပေါ့၊  ပြီးတော့ ဆရာတော်ကြီး နေခဲ့တဲ့ စစ်ကိုင်း၊ မုံရွာ အဲဒီကျောင်းတိုက်တွေကို သွားရတာပေါ့။ အဲဒီမှာ သွားလေ့လာပြီး ဆရာ တော်ကြီးနဲ့ အစ်ကိုအစ်မတွေ အပါအဝင် သီလ ရှင် ကြီးတွေနဲ့တွေ့ပြီး  အချက်အလက်တွေ  အကုန် စုစည်းတည်ဆောက်ပေါ့၊ နောက်ပြီး တော့ ဆရာတော်ကြီးရဲ့  တပည့်တွေဆီမှာလည်း  သွားမေးတယ်။  တစ်ခါထပ်ပြီး အနီးအနား က   တပည့်တွေကိုလည်း  မေးတယ်၊   အဲဒီ  အချက်အလက်စုတာတင်  ငါးလလောက်ကြာ တယ်။  စုပြီးပဲခူးကျောင်းကို  ပြန်လာပြီးရေးဖို့ အတွက်  ပြင်ဆင်ရတာပေါ့၊   ဆရာကြီးတွေရဲ့ အတ္ထုပ္ပတ္တိကို  ဘယ်လိုရေးကြလည်းဆိုတာ  လေ့လာ၊ ဘာသာပြန်တွေလည်းလေ့လာ  နှစ်လလောက် စာတွေပြန်ဖတ်ပြီး  ရေးရပါတယ်။ ရတဲ့အချက် အလက်တွေနဲ့ တရားတွေနဲ့  လုံးကောက်တွေကို ပြန်တည်ဆောက်ပြီး  ငယ်ဘဝ၊ ကိုရင်ဘဝ၊ လူလတ်ပိုင်း၊  ရဟန်းဘဝတွေကို အကုန်စုစည်းပြီး ရေးတာ   အားလုံးတစ်နှစ်နှစ်လကြာပါတယ်။  ပြီးတော့  ပုံအတွက်ကိုလည်း ရွေးရတာပေါ့၊  စာအုပ် အရွယ်အစား၊ ဆိုဒ်၊ စာရွက်အားလုံးကို စီစဉ်ရတာ ပေါ့၊  ဆရာတော်ကြီးဆီကရတဲ့  ဝိပဿနာနဲ့ ပတ်သက်တဲ့  အသိတရားတွေကို ကျေးဇူးရှိနေ တော့  အဲဒါနဲ့ ကျေးဇူးဆပ်လိုက်တယ်။ အဲ့တော့ "ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသ၏ ဘဝခရီးနှင့် ဓမ္မဆီမီး" ရေးတာ စာမူခ သိန်း  ၂၀၀ ရတာကို  ဆရာတော်ကြီးရဲ့ သာသနာပြု လုပ်ငန်းအတွက်  လှူလိုက်တယ်  အတ္ထုပ္ပတ္တိရေး တဲ့အခါမှာလည်း  စာမျက်နှာ  ၁၀၀  ပြည့်တိုင်း ဆရာတော်ကြီးဆီသွားပြီး Edit လုပ်တယ်၊  စာရေး ဆရာလည်း ဖြစ်တယ်၊ စာတတ်ပြီး အာဘော်တွေ လည်း မလွန်အောင်ပြတယ်၊ စာမျက်နှာ ၆၀၀ လည်း ပြည့်တော့ စာအုပ်ထုတ်မယ့် ပုံစံကိုပြပြီး သူ ကျေနပ်တယ်ဆိုတော့မှ ထုတ်လုပ်တယ်။ ဦးဇင်းက တော့ တက္ကသိုလ်ကျောင်းသားကတည်းက ကဗျာ၊ ဆောင်းပါး၊ ဝတ္တုတို၊ ဝတ္ထုရှည်နဲ့ သီချင်းတွေ ရေးဖြစ်ခဲ့ ပါတယ်။ စာဖတ်ဝါသနာပါတယ်၊ အရွယ်နဲ့တန်တဲ့ စာတွေရေးရင်းရေးရင်း နောက်ဆုံးဗုဒ္ဓစာပေဘက် ရောက်လာတာပါ။ ၂၃ အုပ်ရေးပြီးပါပြီ၊ ဆရာတော် ကြီး တရားတွေကို အားလုံးကသိပေမယ့် ပါမောက္ခ ချုပ်ဖြစ်လာဖို့ကို နှစ်ပေါင်း ၈၀ လောကဓံတရားကို ဘယ်လိုဖြတ်သန်းခဲ့လဲ ဒါသိစေချင်လို့ပါ ဆုရရှိတာ ကို သိပ်ခံစားရတာမရှိပေမယ့်  ဆရာတော်ကြီးကို ကျေးဇူးဆပ်ခွင့်ရလိုက်တာကတော့   သိပ်ပီတိ ဖြစ်မိပါတယ်။ 


ကိုယ်ရဲ့ ကလောင်နဲ့ လုပ်အားခနဲ့ သာသနာပြု လုပ်ငန်းတွေမှာ လှူလိုက်ရတော့ အရမ်းကျေနပ်   ပီတိဖြစ်မိပါတယ်။ ရရှိမယ့် ဆုကြေးကိုလည်း ခြောက်ပုံပုံပြီး လိုက်ကန်တော့လိုက်ပါလို့ မှာထား ပါတယ်။  "အမေရယ်၊ စာပေကျေးဇူးရှိတဲ့ ဆရာ သမားတွေ၊ ဂီတကျေးဇူးရှိတဲ့ ဆရာသမားတွေ၊ သံဃာ့ဆေးရုံ၊  ဘိုးဘွားရိပ်သာ  အဲဒါတွေကို လှူဒါန်းပါမယ်" ဟု  မိန့်ကြားသည်။ 


အရှင်ပညိန္ ဒ( ဦးမြသန်းစံ)သည် ၁၉၅၈ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် အဘဦးစံမောင်၊  အမိဒေါ်ခင်တင့်တို့မှ   မွေးဖွားသည်။ ၁၉၆၃ မှ ၁၉၇၂ ထိ အ-လ-က (၂)   ရန်ကင်းတွင် အဌမတန်း  ထိ  သင်ကြားခဲ့သည်။ ၁၉၇၂ မှ ၁၉၇၄ ထိ  အ-ထ-က (၃) တာမွေတွင် ဒသမတန်းအထိ သင် ကြား  ခဲ့သည်။  ၁၉၇၄ ခုနှစ်တွင်  အခြေခံပညာ အထက်တန်း  စာမေးပွဲကို  (သင်္ချာ၊ ဓာတု) ဂုဏ်ထူးနှစ်ခုဖြင့် အောင်မြင်ခဲ့သည်။ ၁၉၇၄ မှ ၁၉၇၈ ထိ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ဓာတုဗေဒ ဌာန၌ ပညာသင် ကြားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင်  သိပ္ပံဘွဲ့(ဓာတုဗေဒ)ရရှိခဲ့သည်။  ၁၉၈၀ ပြည့်နှစ် တွင်  တပ်မတော်သို့  ဝင်ရောက်ခဲ့သည်။ ၁၉၉၉  ခုနှစ်တွင်   သာသနာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့  တာဝန်ထမ်းဆောင်ခဲ့ပြီး  ၂၀၀၀ ပြည့်နှစ်တွင်   ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။   မဂ္ဂဇင်း၊   ဂျာနယ်၊ သတင်းစာများ၌ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်ပါးများစွာ ရေးသားခဲ့သည်။  ရုပ်ရှင်၊  ဗီဒီယို၊ ဇာတ်လမ်း၊  ဇာတ်ညွှန်းများ တေးသီချင်းများစွာ ရေးသားခဲ့သည်။ 


၁၉၉၆ ခုနှစ်  မဟာဗောဓိမြိုင် ဆရာတော်ကြီး ကို ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ် သုဝဏ္ဏသျှမ် တောင်တွင် ဖူးမြင်ခဲ့ပြီးနောက်ပိုင်း ဘဝအမြင် များ ပြောင်းလဲသွားခဲ့ပြီး ၁၉၉၇ ခုနှစ်မှစ၍ ဘာသာရေးဆောင်းပါးများ  တစ်စိုက်မတ်မတ် ရေးသားလာခဲ့ကာ ယနေ့အထိ ဘာသာရေး စာအုပ်  ၂၃  အုပ် ရေးသား  ထုတ်ဝေခဲ့ပြီးဖြစ်သည်။ 


၂၀၀၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ တိုင်အောင်  အပ္ပမာဒဓမ္မရသ မဂ္ဂဇင်းကို  ထူထောင်၍  အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ စီစဉ်ထုတ်ဝေခဲ့သည်။ 


၂၀၁၇ ဇူလိုင်လတွင် မဟာဝိဟာရကျောင်း တိုက်  (မှော်ဘီ) ကျောင်းတိုက်၊ ဥပဇ္ဈာယ် ဆရာတော်  အရှင်ဝိဇ္ဇာနန္ဒထံတွင်  ရဟန်းပြု၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး  ဘွဲ့အမည်  အရှင်ပညိန္ဒဖြစ်သည်။  ရဟန်းနှစ်ဝါအရ (၂၀၁၉ ခုနှစ်)တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏အတ္ထုပ္ပတ္တိ ထိ " ဘဝခရီးနှင့် ဓမ္မဆီမီး" ကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ ယခုအခါငါးဝါမြောက်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း အပ္ပမာဒ ထင်းရှူးရိပ် တောရတွင် တစ်ပါးတည်းတောရဆောက်တည် သီတင်းသုံးလျက်ရှိသည်။          ။






အခြားဆက်စပ်သတင်းများ