နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့သစ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်လှစ်ပို့ချ

မြို့သစ်   နိုဝင်ဘာ     ၂၀


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာငါးရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းကို နိုဝင်ဘာ ၁၉ ရက်၊  ၉ နာရီအချိန်က အဆိုပါ ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းကို မြို့သစ်မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် သရက်ခွ၊ ကန်သာ၊ ဝန်ချီ၊ တပ်ကုန်း(န)၊ ကံသာစသည့် ကျေးရွာ ငါးရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။           သန်းလွင်(မကွေး)






အခြားဆက်စပ်သတင်းများ