မလှိုင် နိုဝင်ဘာ ၂၀
မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ် ရွာတစ်ယူနစ်ဆောင်ရွက်မည့် ကသစ်ပင်နှင့်အုပ်ကျင်းကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များအား ရန်ပုံငွေ စီမံခန့်ခွဲခြင်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ် ရေး စည်းမျဉ်စည်းကမ်းများနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွား လာခြင်းကြောင့် ကျေးလက်ဒေသဆင်းရဲ မှုနှုန်းကို လျှော့ချနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်စုစုထံမှ သိရသည်။
ဟိန်းထက်စိုး(မလှိုင်)