နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း စည်းကမ်းထိန်းသိမ်းရေး ကြပ်မတ်ဆောင်ရွက်

ရန်ကုန်  နိုဝင်ဘာ  ၂၀


ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ကော်မတီဝင်ဦးအောင် နိုင်သည် နိုဝင်ဘာ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီက မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နား စခန်းသို့ သွားရောက်၍ အဝေးပြေး ယာဉ်ကြီးများ ဝင်ထွက်သွားလာမှု၊ ရပ်နားမှုများ စည်းကမ်းလိုက်နာမှု ရှိ/မရှိ သွားရောက်စစ်ဆေးသည်။


ထို့နောက် ကော်မတီဝင်သည် စခန်းအစည်းအဝေးခန်း၌ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ သက်ဆိုင်ရာ ယာဉ်လိုင်းအသီးသီးမှ ယာဉ်လိုင်းများ အနေဖြင့် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းအတွင်း ဝင်ရောက် ရာတွင် ချမှတ်ထားသော စည်းကမ်း၊ သတ်မှတ်ချက်များကို လိုက်နာပြီး စည်းကမ်းစနစ်တကျရှိသော အဝေးပြေး ယာဉ်ရပ်နားခန်းဖြစ်ဖို့ လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စည်းကမ်း ကို စနစ်တကျ ထိန်းကျောင်းပေးရန် လိုအပ်ကြောင်းမှာကြားပြီး (ပုံ) တက် ရောက်လာသူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ