နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း ကန်ပတ်သစ်သားတံတားနှင့် Water Plaza ကြမ်းခင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်း

ရန်ကုန်  နိုဝင်ဘာ  ၂၀


ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝ ဥယျာဉ်ကန်အတွင်းသို့ ယခုနှစ်မိုးရာသီ တွင် ကန်ရေများ အပြည့်အဝ ဝင်ရောက်မှုရှိလာသဖြင့် ကန်ပတ် သစ်သားတံတားနှင့် Water Plaza တို့ အပေါ်မှ ကိုယ်ကာယ ကျန်းမာရေး လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်အတွက် သစ်သားတံတားနှင့် Water Plaza ရှိ ဟောင်းနွမ်းနေသော သစ်သားကြမ်းခင်း များကို အဆင့်မြင့်ဖိုင်ဘာ (WPS)များ ဖြင့် အစားထိုးလဲလှယ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ပြီးစီးတော့မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ သိရသည်။


ကန်တော်ကြီး သဘာဝဥယျာဉ် အစဉ်သန့်ရှင်းကြည်လင် သာယာလှပ စေရန် လက်ရှိ ကန်ရေပြင်လျော့ကျ မသွားစေရန်အတွက် အင်းလျားကန် နှင့် ကန်တော်ကြီးတို့အကြား ယခင်က ဆက်သွယ်ထားသော လက်မ ၃၀ ရေပိုက်လိုင်းကို ပြန်လည်အသုံးပြု၍ အင်းလျားကန်မှ ကန်တော်ကြီးသို့ ရေ များ အစဉ်ဖြည့်တင်းပေးသွားမည်ဖြစ် သည်။ ယနေ့ ကန်တော်ကြီးရေပြင် သည် ယခင်နှင့်မတူ တစ်မူထူးခြားသန့်ရှင်း ကြည်လင်လာသည့်အတွက် အပန်းဖြေ အနားယူသူများ ကိုယ်ကာယ လှုပ်ရှား လမ်းလျှောက်သူများနှင့် ကိုယ်ကာယ အလှတိုးစေရန် အေရိုးဗစ်အားကစား လိုက်စားသူတို့၏ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့တော့မည် ဖြစ်ကြောင်း သိရသည်။


ကန်တော်ကြီး သဘာဝဥယျာဉ် သည် ရန်ကုန်မြို့ရှိ ပန်းခြံများအနက် သစ်ပင်ပန်းမန် ရောင်စုံပန်းအလှများ ပေါကြွယ်ဝသည့်နေရာဖြစ်သည့်အပြင် မြို့ပြ၏ ဂေဟစနစ်ကိုလည်း ထိန်းညှိ ပေးနေသော ကျယ်ပြန့်သည့်နေရာ ကောင်းတစ်ခုလည်း ဖြစ်သည်။


ထို့အပြင် မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်ပတ်ဝန်းကျင်နေရာ၊ လွတ်လပ် ရေးကို မယိမ်းမယိုင်တည်တံ့စေရန် ကာကွယ်တိုက်ပွဲဝင်ခဲ့သော သံချပ်ကာ ကား (တင့်ကားကုန်း)နေရာ၊ အရှေ့တိုင်း အနောက်တိုင်း လွှမ်းမိုးမှုများမပါဘဲ မြန်မာ့ဗိသုကာပညာရှင်များက ဒီဇိုင်း ရေးဆွဲတည်ဆောက်ထားသော ကရဝိက် နန်းတော်နေရာများသည် ဝိသေသ ဂုဏ်ထူးများနှင့် ပြည့်စုံပြီး ကန်တော် ကြီး၏ သမိုင်းသရုပ်ကို ထင်ဟပ်စေ သော နေရာများဖြစ်သည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် လုပ်ငန်းဆပ်ကော်မတီ များ ဖွဲ့စည်းကာ အစဉ်ပြုပြင် ထိန်းသိမ်း ပေးလျက်ရှိသည်။


ကန်တော်ကြီး သဘာဝဥယျာဉ် အတွင်း ကိုယ်ကာယလှုပ်ရှားမှုအတွက် လမ်းလျှောက်သူများ၊ အေရိုးဗစ် အားကစားအဖွဲ့များ၊ အပန်းဖြေ အနား ယူသူများအတွက် တည်ဆောက်ထား သော ကန်ပတ်သစ်သားတံတားနှင့် Water Plaza ကြမ်းခင်းများကိုလည်း လုံခြုံမှုရှိစေရန် အစဉ်ပြန်လည်ပြုပြင် ထိန်းသိမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။                   

     စောသိန်းဝင်း






အခြားဆက်စပ်သတင်းများ