နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်ပန်းခင်းစီမံချက် လှုပ်ရှားဆောင်ရွက်မှုများ

ကျောင်းကုန်း၊ နိုဝင်ဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ  ကျောင်းကုန်းမြို့နယ်၊  ကျားကိုက်ချောင်းအုပ်စု၊ ကျားကိုက်ချောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်က နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသည့် အသက် ၁၀ နှစ်ပြည့်၊အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေ မှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးပျက်စီးသူပြည်သူများကို ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည် ထုတ်ပေးနေခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြား ခဲ့ပြီး လက်ထောက် လ.ဝ.ကမှူး ဦးစိုးညီညီနိုင် က အိမ်ထောင်စု လူဦးရေစာရင်း ၅၀ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၀ ခု ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


       နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ၁၈ လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းကုန်းမြို့နယ် အနေဖြင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး၊ အခက်အခဲရှိသည့်‌ ကျေးရွာများရှိ ဒေသခံပြည်သူ များကို မြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများ ဆောင်ရွက်‌ပေးနေမှုကို ပြည်သူများက ပိုမိုသိရှိ လာပြီး ဌာန၏ဆောင်ရွက်ချက်များအပေါ်  ပူးပေါင်း ပါဝင်မှု များ တိုးတက်လာနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်က ပြောသည်။

ဝင်းကြိုင်(ကျောင်းကုန်း)






အခြားဆက်စပ်သတင်းများ