နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဒေသတွင်း ပြဿနာများကို အီဂျစ်သမ္မတ နှင့် ချားလ်စ်မင်းသားတို့ ဆွေးနွေး

ကိုင်ရို၊  နိုဝင်ဘာ ၂၀


အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi နှင့် ဗြိတိန်တော်ဝင်မင်းသား ချားလ်စ် (Charles ) တို့သည် အကြမ်း ဖက်မှုနှင့် အစွန်းရောက်ဝါဒကိုတိုက် ဖျက်ရန် နည်းလမ်းများကို ဆွေးနွေး ခဲ့ကြကြောင်း သမ္မတရုံးက ထုတ်ပြန် ချက်တွင် ဖော်ပြသည်။ 


အီဂျစ်သမ္မတ ဇနီးမောင်နှံသည် မင်းသား ချားလ်စ် နှင့် ကြင်ယာတော် နယ်စားကတော် Camilla တို့ကို Al-Ittihadiya နန်းတော်တွင် လက်ခံ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 


နှစ်နိုင်ငံကြား အထူးဆက်ဆံရေးနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး ကို ထိန်းသိမ်းရာတွင် အီဂျစ်နိုင်ငံမှ အချက်အချာကျ၍ မျှတသောအခန်း ကဏ္ဍကို မင်းသား ချားလ်စ်က အလေး ပေးပြောကြားခဲ့သည်။ 


ယင်းဆွေးနွေးမှုတွင်  တက္ကသိုလ် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေး နည်းလမ်းများကိုလည်းဆွေး နွေးခဲ့ကြောင်း သိရသည်။ 


ဗြိတိန်တော်ဝင် ဇနီးမောင်နှံသည် အရှေ့အလယ်ပိုင်းဒေသသို့ လေးရက် ကြာခရီးစဉ်   တစ်စိတ်တစ်ပိုင်းအဖြစ် အီဂျစ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။                   

 ရဲခေါင် (Ref:AFP)






အခြားဆက်စပ်သတင်းများ