နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုနိုင်ငံတွင် လျှို့ဝှက်စွာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် အလောင်း ၆၅ လောင်း တွေ့ရှိ

ဘိုဂိုတာ၊  နိုဝင်ဘာ ၂၀  


မက္ကဆီကိုနိုင်ငံရှိ လျှို့ဝှက်သင်္ချိုင်း တစ်ခုတွင် ရုပ်အလောင်း ၆၅ လောင်း ကို  တွေ့ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာ များတွင် ဖော်ပြချက်အရ သိရသည်။ 


အဆိုပါ အလောင်းများကို အယ်လ် ဗာရာဒို မြို့ရှိ လျှို့ဝှက်သင်္ချိုင်း တစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး  ရဲတပ်ဖွဲ့မှတွေ့ရှိ သည့်    စုစုပေါင်းအရေအတွက်ကို အတည်ပြုခဲ့ကာ   အလောင်းများကို အစိုးရရှေ့နေနှင့် ရဲအရာရှိများရှေ့တွင် ပြန်လည်မြှုပ်နှံခဲ့ကြောင်း သိရသည်။ အဆိုပါအလောင်းများမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၂  ခုနှစ်အတွင်း လူဆိုးဂိုဏ်းများကြား ပဋိပက္ခတွင် သေဆုံးခဲ့ရသူများ ဖြစ်နိုင် ဖွယ်ရှိကြောင်း  ခန့်မှန်းထားပြီး  တွေ့ရှိ သည့် အလောင်းများတွင်ဘဏ်ကတ် များနှင့် အထောက်အထားအချက်အ လက်များကဲ့သို့သော ကိုယ်ရေးကိုယ် တာပစ္စည်းများကို တွေ့ရှိခဲ့ရကြောင်းသိ ရသည်။  


သေဆုံးသူများ၏ သေဆုံးရသည့် အကြောင်းရင်းကို ဆက်လက်ရှာဖွေမှု များ      လုပ်ဆောင်သွားမည်ဖြစ်ပြီး မက္ကဆီကို ပြည်ထဲရေးဝန်ကြီးဌာန၏ အမျိုးသား      ရှာဖွေရေးကော်မရှင် အချက်အလက်များအရ  ဗာရာ ကရုဇ်၊ ဆီနာလိုအာ၊ ကိုလီမာ၊ ဂူရာရာယိုနှင့် ဆိုနိုရာပြည်နယ်များတွင် အစုလိုက်အပြုံ လိုက်သင်္ချိုင်းများ ရှာဖွေတွေ့ရှိခဲ့သည့် နေရာများအဖြစ် နိုင်ငံအတွင်း အထင်ရှား ဆုံးဖြစ်ကြောင်း သိရသည်။  မက္ကဆီကို ၏ ရှာဖွေရေးကော်မရှင် အစီရင်ခံစာ တွင်မူ နိုင်ငံအတွင်း လူပေါင်း ၉၄,၅၀၀ ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ထား သည်။                  

   ရဲခေါင် (Ref: AP)






အခြားဆက်စပ်သတင်းများ