ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကိုးဘီလီယံ အထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်တို့က ခန့်မှန်းထားကြ သည်။ ယနေ့ကမ္ဘာကြီးတွင် ခုနစ်ဘီလီယံကျော်အထိ ရောက်ရှိနေ ပြီ ဖြစ်သည်။
ကမ္ဘာ့လူသားအားလုံး၏ နေ့စဉ်လိုအပ်သည့် စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီးရှိ အစိုးရများက ကြိုးပမ်းဆောင်ရွက်နေကြပေသည်။ လူတိုင်း သက်တမ်းစေ့နေနိုင် ရေးအတွက် အာဟာရပြည့်ဝသော စားနပ်ရိက္ခာများထုတ်လုပ်ရန် လိုအပ်သည်။ ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံမှုနှင့် အာဟာရပြည့်ဝမှုအပေါ် စိန်ခေါ်မှုအဖြစ် စားနပ်ရိက္ခာဖြည့်တင်းနိုင် မှုစနစ် တည်တံ့ခိုင်မာရေးသည် အဓိကကျပေသည်။
စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်လာခြင်းမှ သည် ငတ်မွတ်သူပပျောက်ရေးအစီအစဉ်များကို အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်းမရှိသည့် သဘာဝသယံဇာတ နှင့် ရာသီဥတုအပေါ် မှီခိုနေရသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရာတွင် အခက်အခဲများ ရှိနေပေသည်။
သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် စားနပ်ရိက္ခာဖူလုံမှုကို များစွာအထောက် အကူပြုမည့် အစိမ်းရောင်စီးပွားရေးစနစ်သည် အထောက်အကူပြု စေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအနေဖြင့် စားနပ်ရိက္ခာ ဖူလုံပိုလျှံမှုရှိသော်လည်း နောင်တိုးပွားလာမည့် လူဦးရေအတွက် ရေရှည်မျှော်မှန်းပြီး ရေတိုစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိပေသည်။
မြန်မာနိုင်ငံတွင် အသက် နှစ်နှစ်အောက် ကလေးငယ်များ ကြီးထွားမှုနှောင့်နှေးစေခြင်းအား ရာနှုန်းပြည့်လျှော့ချပေးရန် တစ်နှစ်ပတ်လုံး လုံလောက်သော အစာရေစာရာနှုန်းပြည့်ရရှိစေ ရန်၊ စားနပ်ရိက္ခာထုတ်လုပ်မှုစနစ်အားလုံး ရေရှည်တည်တံ့စေရန် လုပ်ကွက်ငယ်တောင်သူများ၏ ထုတ်လုပ်မှုနှင့် ဝင်ငွေရာခိုင်နှုန်း ပြည့် တိုးမြှင့်စေရန်နှင့် အစားအစာလေလွင့်မှု ပပျောက်စေရန် မဏ္ဍိုင်ငါးခုကို အကောင်အထည်ဖော်လျက်ရှိပေသည်။
မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝ တိုးမြှင့်တင်ရင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးစေချင် ကြောင်း။ ။