နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက် လူမည်းအမျိုးသား သေဆုံးစေခဲ့သည့်ဖြစ်ရပ်အတွက် လူဖြူရဲအရာရှိကို စွဲချက်တင်

မေ  ၃၀၊  ဝါရှင်တန်

ထိန်းသိမ်းခံထားရစဉ် လက်နက်မဲ့ လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုအတွက် မင်နီယာပိုလစ်မြို့ ရဲအရာရှိဟောင်းကို လူသတ်မှုဖြင့် စွဲချက်တင်ပြီး ဖမ်းဆီးလိုက်သည်။
ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းအရ လူဖြူရဲအရာရှိ ဒါရက်ချော်ဗင်မှာ ပြီးခဲ့သည့်တနင်္လာနေ့က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဖလွိုက်၏ ဇက်ကို ဒူးဖြင့် ဖိထားကြောင်း တွေ့ရသည်။ ဒါရက်ချော်ဗင်နှင့် အခြားအရာရှိသုံးဦးမှာ အဆိုပါဖြစ်ရပ်ကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

အဆိုပါဖြစ်ရပ်ကြောင့် မင်နီယာပိုလစ်မြို့တွင် ဆန္ဒပြပွဲများ သုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လုယက် ဖောက်ထွင်းမှုများ၊ ရဲစခန်းအပါအဝင် အဆောက်အအုံများ မီးတင်ရှို့ခံရမှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်မြို့များအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ ဒါရက်ချော်ဗင်ကို တတိယအဆင့် လူသတ်မှု၊ ဒုတိယအဆင့် လူသေဆုံးစေမှုတို့ဖြင့် စွဲချက်တင် ထားသည်ဟု ဟန်နီပင်ကောင်တီအစိုးရရှေ့နေ ဖရီးမန်းက ပြောသည်။

ပြီးခဲ့သည့်သောကြာနေ့ညနေပိုင်းက အိမ်ဖြူတော်အပြင်ဘက်တွင် ဆန္ဒပြပွဲဖြစ်ပွားခဲ့ခြင်းကြောင့်                                                                                    အိမ်ဖြူတော်ကို ပိတ်ဆို့ထားရသည်။ ဆန္ဒပြသူများက ဂျော့ဖလွိုက်၏ ညည်းတွားသံအတိုင်း '' ကျွန်တော် အသက်ရှူလို့မရတော့ဘူး''ဟု သံပြိုင်အော်ဟစ်ခဲ့ကြသည်။
မင်နီယာပိုလစ်မြို့နှင့် စိန့်ပေါမြို့တွင် ည ၈ နာရီမှ နံနက် ၆ နာရီအထိ အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန် ထားသည်။                                  

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ