နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှု နှောင့်ယှက်တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃


မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့ အဝင်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ်ရေးအတွက် တား ဆီးစစ်ဆေးခြင်းများ ဆောင်ရွက်နေ သည့် ဒင်္ဂါးချောင်း ကိုဗစ်-၁၉ စစ်ဆေး ရေးဂိတ်အနီး လမ်းဘေး၌ အကြမ်းဖက် သူများထောင်ထားသည့် လက်လုပ် မိုင်း တစ်လုံးသည် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။


ထို့အတူ မင်းတပ်မြို့ရှိ ပြည်သူများ အနက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ခံထားရသူ ၆၃ ဦးကို အနောက် ရပ်ကွက်ရှိ မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ ၈ ခန်းတွဲ ၂ ထပ်ဆောင်နှင့် ၄ ခန်းတွဲ နှစ်ထပ်ဆောင်တို့၌ထားရှိကာ စောင့် ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိရာ အဆိုပါအဆောင်များအား နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် CDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါ အဆောင်များတွင်တပ်ဆင် ထား သည့် ရေပိုက်များ၊ ပြတင်းတံခါး မှန်များနှင့် အဆောက်အဦနံရံတို့၌ ကျည်ထိမှန်ပျက်စီးခဲ့သဖြင့်ပိုးတွေ့ လူနာ ၆၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင် များက မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက် ရှိ မြို့မနှစ်ချင်းဘုရားကျောင်းဝင်း အတွင်းရှိ သီးသန့်ဆောင်သို့ ရွှေ့ပြောင်း ကာ ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။                  ဆွေဦး






အခြားဆက်စပ်သတင်းများ