နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သူများ ပစ်ခတ်မှုကြောင့် ပညာရေးဝန်ထမ်းတစ်ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း မြို့နယ်၊ ကျင်းကျေးရွာနေ အခြေခံ ပညာ မူလတန်းကျောင်း (ညောင်းကားယား)မှ မူလတန်းကျောင်းအုပ် ဆရာမ ဒေါ်စိန်ကြည်သည် ခင်ပွန်းဖြစ်သူ ဦးဇော်မိုးနှင့်အတူ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နေအိမ်ဈေးဆိုင် ၌ရှိနေစဉ် အကြမ်းဖက်သမား အမျိုး သားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ရာ ဒေါ်စိန်ကြည်သည် ချိုင်းအောက်နှင့် ရင်ဘတ်သို့ ကျည် ဖောက်ဝင် ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ပြီး ဦးဇော်မိုး မှာ လက်မောင်းနှင့် ရင်အုံတို့ ၍ ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ဝမ်းတွင်းမြို့၊ ပြည်သူ့ ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိ သည်။


အလားတူ မကွေးမြို့၊ မင်းကန်ကြီး ရပ်ကွက်၊ စိုးကောမင်း(၅)လမ်းရှိ တိုင်း ဒေသကြီး ပညာရေးမှူးရုံကိုလည်း နိုဝင်ဘာ ၁၂ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသားနှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့သောကြောင့် ခြံစည်းရိုးအုတ် တံတိုင်း ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရ သည်။                                     ဆွေဦး






အခြားဆက်စပ်သတင်းများ