နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်စောက်တောင်တွင် ဘုရားဖူးကားတိမ်းမှောက်

ကျောက်တော်၊  နိုဝင်ဘာ ၁၉


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကန်စောက်တောင်တွင် နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းက ဘုရားဖူးကားတစ်စီး ထပ်မံတိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ရာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း   ကူညီကယ်ဆယ်ရေးဆောင် ရွက်ခဲ့သော  ပရဟိတအသင်းမှသိရသည်။ 


ကျောက်တော်မှ ပုဏ္ဏားကျွန်းသို့ ဘုရားဖူးသွားသည့်       ဒိုင်နာကား ကန်စောက်တောင်ထိပ်မှ  အောက်သို့ အဆင်းတွင်  တိမ်းမှောက်ခဲ့ကြောင်း သိရသည်။  ဒဏ်ရာရလူနာ ၁၂ ဦးအား ကျောက်တော်ဆေးရုံသို့  ပို့ဆောင်ခဲ့ ကြောင်း  သိရသည်။ 


နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ကန်စောက်တောင်တွင် ဘုရားဖူးကား တစ်စီး ချောက်ထဲပြုတ်ကျခဲ့၍   ၂   ဦးသေ ဆုံးခဲ့ကာ  ၁၄ ဦး   ဒဏ်ရာရရှိခဲ့သေး ကြောင်း သိရသည်။                   အိဇင်






အခြားဆက်စပ်သတင်းများ