နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့် ကန်ရေတပ်သားများ ခံစားခွင့်ဆုံးရှုံးနိုင်ကြောင်း ရေတပ်မူဝါဒသစ်ထုတ်ပြန်

ဝါရှင်တန်၊  နိုဝင်ဘာ ၁၉


ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆန် ကြသည့် အမေရိကန်ရေတပ်သားများ အနေဖြင့် မိခင်တပ်ရင်းမှ သီးခြားခွဲထုတ် ခံထားရနိုင်သလို စစ်မှုထမ်းဟောင်း ခံစားခွင့်တချို့လည်း ဆုံးရှုံးနိုင်ကြောင်း ရေတပ်မူဝါဒသစ် ထုတ်ပြန်လိုက်သည်။ 


နိုဝင်ဘာ ၂၈ ရက် နောက်ဆုံးထား၍ ရေတပ်သားများအားလုံးကို  အပြည့်အဝ ကာကွယ်ဆေးထိုးရန် သတ်မှတ်ထားပြီး ဘာသာရေးအရ သို့မဟုတ် ကျန်းမာရေး အခြေအနေများအရ ခြွင်းချက်အနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရ သည်။ 


ကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့် ရေတပ်သားများသည် ပညာရေးဆိုင်ရာ ခံစားခွင့်၊ ရာထူးတိုးမြှင့်ခြင်းနှင့် အပိုဆု ကြေးငွေများကို     ဆုံးရှုံးမည်ဖြစ်ပြီး အမေရိကန်ရေတပ်တွင် တာဝန်ထမ်း ဆောင်နေသည့် တပ်သား ၉၉ ရာခိုင်နှုန်း ကျော်သည် အနည်းဆုံးတစ်ကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးပြီးနေပြီး ၉၅ ရာခိုင် နှုန်းကမူ ကာကွယ်ဆေးအပြည့်ထိုးပြီး ဖြစ်ကြောင်း သိရသည်။ 


အရန်တပ်သားများ နောက်ဆုံးထိုး မည့်နေ့ကိုမူ ဒီဇင်ဘာ ၂၈ ရက်ဟု သတ် မှတ်ထားပြီး  လေတပ်အတွက် ကိုဗစ် ကာကွယ်ဆေး ထိုးရက်နောက်ဆုံး ရက် ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ ကတည်းက ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ