ယခုအခါ ခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်ပေ သည်။ မိမိတို့နေ့စဉ် မသုံးမဖြစ် အသုံးပြုနေရသည့် မီးကို ပိုမို ဂရုထားအသုံးပြုကြရန် လိုအပ်ပေသည်။
မိမိတို့နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှု ကြောင့် လောင်ကျွမ်းသောမီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်များအရ သိရပေသည်။
နှစ်စဉ် မီးလောင်မှုကြောင့် မလိုလားအပ်သော အသက်အိုး၊ အိမ်၊ စည်းစိမ်များ ဆုံးရှုံးရမှုလျော့နည်းပြီး တဖြည်းဖြည်းပပျောက် သွားစေရန် လူတိုင်း မီးကိုဂရုပြု သုံးစွဲသင့်ပေသည်။
မီးကို ကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံးစွဲလျှင် အမြဲသတိရှိပြီး၊ လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများ မထားခြင်း၊ မီးဖိုများကို မြေကျင်းတူး စနစ်တကျအသုံးပြုခြင်း၊ မီးဖိုအား စနစ်တကျကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန် ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ ထရံနှင့် ခြင်ထောင်အနီး မထွန်းခြင်း၊ တောမီးမလောင်အောင် ဆောင်ရွက်ခြင်း၊ ကောက်ရိတ်သိမ်းချိန်တွင် လယ်ကွင်းအတွင်း၌ မီးအသုံးမပြုခြင်းတို့ လိုက်နာဆောင်ရွက်ရန် လိုအပ်ပေသည်။
မီးလောင်လျှင် ထွက်မပြေးပါနှင့်။ ပတ်ဝန်းကျင်ကို အကူအညီ တောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် ငြိမ်းသတ်နိုင် လျှင် မီးလောင်ဆုံးရှုံးမှုများ မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့် ခြောက်၊ မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျှင်အမြန် မီးငြိမ်းသတ်နိုင်ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များ ထုတ်ပြန်ထားပေသည်။
မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူများ ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ မီးဘေးအန္တရာယ်ကို အားလုံးသတိမူလာရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူများ လိုက်နာမှုအားနည်း ကြောင်း တွေ့ရပေသည်။
ယင်းသို့ လိုက်နာမှုအားနည်းခြင်း၊ ဂရုမပြုခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူ အားလုံးက ကြိုတင်ကာကွယ် စောင့်ရှောက်စေချင်ကြောင်း။ ။