နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးပေါင်းခသည့် တန်ဆောင်မုန်းလပြည့်နေ့

ရန်ကုန်  နိုဝင်ဘာ  ၁၈


မြန်မာတို့၏ တန်ဆောင်မုန်းလ (နိုဝင်ဘာလ)သည် ပွဲတော်နှင့်ပွဲလမ်း သဘင်အများဆုံး ကျင်းပသည့် လတစ်လဖြစ်သည်။ ထိုလတွင် တန်ဆောင်မုန်းလပြည့်နေ့သည် ဆေး ပေါင်းခသည့်နေ့ဟု မြန်မာလူမျိုးတို့ အစဉ်အဆက် သတ်မှတ်ထားကြသည်။ အများပြည်သူတို့က ထိုနေ့ည ၁၂  နာရီတွင် ဆေးပေါင်းခသည်ဟု သတ်မှတ် ကြပြီး မဲဇလီဖူးသုပ်စားကြသည် နက္ခတ်ပညာရှင်များက ဆေးပေါင်းခ သည့်အချိန်သည် တစ်နှစ်နှင့်တစ်နှစ် အချိန်မတူညီကြကြောင်း တွက်ချက်၍ထုတ်ဖော်ပြောကြားလေ့ရှိသည်။


ယခုနှစ်တွင် ဆေးပေါင်းခသည့် အချိန်မှာ တန်ဆောင်းမုန်းလပြည့်နေ့ ည ၈ နာရီ ၄၆ မိနစ် ၃၅ စက္ကန့် ဖြစ်ကြောင်းသိရသည်။


ထိုအချိန်တွင် အပင်တစ်ပင်၏ သစ်ရွက်ကိုဝါးစားပါက ဆေးပေါင်းခ လျက်ရှိကြောင်း ရှေးလူကြီးများ၏  ပြောကြားချက်အရ သိရသည်။ အများစု ကမူ မဲဇလီဖူးကို သုပ်ထားပြီး စားလေ့ ရှိကြသည်။


ယခုနှစ် တန်ဆောင်မုန်းလပြည့် နေ့သည် ထူးခြား၍ရှားပါးသောလပြည့် (Super Moon)လည်းဖြစ်သည်။ လသည် ကမ္ဘာနှင့်အနီးဆုံး အနေအထားတွင် ရောက်ရှိသည့်အတွက် အဆမတန် ကြီးမားသည့် လပြည့်ကြီးကို မြင်တွေ့ ရမည်ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ် တွေ့မြင်ခဲ့သည် ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် Super Moon လပြည့်ကြီးကို မမြင်မကြည့် ဖြစ်ပါက နောင်လာမည့် ၂၀၃၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် စောင့်မျှော်ကြည့် နိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်သူရ






အခြားဆက်စပ်သတင်းများ