နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမိုင်းတစ်ခေတ် ထွန်းသစ်မီဒီယာ ပုလဲရတု မြို့တော်သတင်းစာ

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက် ယနေ့သည် မြို့တော် သတင်းစာ နှစ် ၃၀ ပြည့် ပုလဲရတု သဘင် ကာလ ကျရောက်ပြီဖြစ်ပါသည်။


နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ ကာလ ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် တစ်စောင် တည်းသော ညနေပိုင်းထုတ် သတင်းစာအဖြစ် "မြို့တော် သတင်း"ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အောင်မြင်စွာ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။


မြို့တော်သတင်းစာသည် မီဒီယာကျင့်ဝတ်များနှင့်အညီ ပြည်သူများထံသို့ ရန်ကုန် မြို့တော်ကြီးအတွင်း တစ်နေ့ တာ အဖြစ်အပျက် သတင်းဦး၊ သတင်းထူးများ အပါအဝင်၊ သတင်း၊ ဆောင်းပါး၊ ကာတွန်း ကဏ္ဍစုံဖြင့် ဝေဝေဆာဆာ တင်ဆက်ပေးနိုင်ခဲ့၍ သတင်း ပရိသတ် ပြည်သူများက နေ့စဉ် စောင့်စားအားပေး ဖတ်ရှုခဲ့ကြသည်။


သတင်း တင်ဆက်မှုတွင် လည်း နိုင်ငံတော်နှင့် ပြည်သူ များကို အကျိုးရှိစေမည့်သတင်းဦး သတင်းထူးများကို ဦးစားပေး ကာ စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ လွတ်လပ်ပွင့်လင်းစွာ ရေးသားတင်ဆက်ခဲ့ရာ "ရုတ်ရုတ် မလုပ်နဲ့ မြို့တော်ထဲပါသွား မယ်"ဟူသည့် အမည်ကောင်း တစ်ခုပင် ရရှိကျော်ကြားခဲ့ သည်။

သတင်းစာ ဟူသည် စောင်ရေထက် ဩဇာက အရေးကြီးသည်။ ဩဇာရှိလာ လျှင် "ကျွဲကူးရေပါ" စောင်ရေ ကလည်း တစ်ပါတည်းလိုက်ပါ တိုးတက်လာသည်မှာ သဘာဝ ပင်ဖြစ်သည်။


ရပ်တည်ချက်မှန်ကန်သည်၊ ဘက်လိုက်မှု ကင်းသည်ဟု ပြည်သူက လက်ခံယုံကြည်လာ သည်နှင့်အမျှ ဩဇာလည်းရှိ လာပြီး စောင်ရေလည်း တိုးတက်လာကာ ပြည်သူတို့ လက်ထဲတွင် နေ့စဉ် ဝယ်ယူ ဖတ်ရှုအားပေးသည့် သတင်းစာ တစ်စောင်အဖြစ် ရပ်တည် လာနိုင်မည်ဖြစ်သည်။


မြို့တော်သတင်းစာသည်  ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက တာဝန်ယူ ထုတ်ဝေသည့် သတင်းစာ ဖြစ်လင့်ကစား၊ ဝါဒဖြန့်ချိရေး သတင်းစာမျိုး မဟုတ်ဘဲ ပြည်သူများ အကျိုးရှိစေမည့် သတင်းဦး၊ သတင်းထူး၊သတင်း မှန်များ၊ ပြည်သူ့အမြင်၊ပြည်သူ့ သဘောထားများကိုထင်ဟပ် စေမည့် သတင်းနှင့် ဆောင်းပါး များကိုသာ ရွေးချယ်တင်ဆက် ပေးခဲ့သည်။


တစ်ဖက်တွင်လည်း သတင်းစာ၏ ဦးဆောင်အဖွဲ့ အစည်းကြီးဖြစ်သည့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီသည် နိုင်ငံတော်၏ စီမံခန့်ခွဲရေး ယန္တရားတွင် ဝန်ကြီးအဆင့် တာဝန်ရှိသူက ဦးဆောင်နေသည့် အဖွဲ့အစည်း ကြီးဖြစ်သည်။


ထို့ကြောင့် "ရန်ကုန်မြို့တော် ကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်၍ မြို့နေလူထု၏ လူနေမှုအဆင့်အတန်း ပြောင်းလဲ တိုးတက်လာစေရန်၊


"စည်ပင်သာယာရေး ဆိုင်ရာ အခွန်အရပ်ရပ်ကို အပြည့်အဝ ရရှိစေရန်နှင့် မြို့တော်နယ်နိမိတ် အတွင်း စည်ပင်သာယာဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် တည်ဆဲ ဥပဒေ နည်းဥပဒေ စည်းကမ်း များနှင့်အညီ စနစ်တကျ အသုံး ပြုစေရန်၊


"နိုင်ငံတကာ မြို့တော်ကြီး များကဲ့သို့ သန့်ရှင်း၊ သာယာ၊ လှပ၍ နေချင်စဖွယ်မြို့တော် ကြီး ဖြစ်လာအောင် အဆင့် မြှင့်တင် ဆောင်ရွက်ရာတွင် မြို့နေလူထု ပါဝင်ကူညီဆောင် ရွက်လာကြစေရန်၊

"စည်ပင်သာယာရေး ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု၊ပွင့်လင်း မြင်သာမှုရှိသည့် 'ပြည်သူ ဗဟိုပြု စီမံခန့်ခွဲမှုစနစ်' ပေါ်ထွန်း လာစေရန်၊


"စည်ပင်သာယာရေး လုပ်ငန်း များဆောင်ရွက်ရာတွင် ပိုမို  သွက်လက် ထိရောက်အောင် လုပ်ငန်းတာဝန်ခံအဖွဲ့ များနှင့် ဌာနများ  စနစ်တကျဖွဲ့စည်း ဆောင်ရွက်ရန်‌" ဟူသည့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဥပဒေ၏ ရည်ရွယ်ချက်ငါးရပ်နှင့် အညီ အောင်မြင်မှုရရှိရေး အတွက်လည်း "မြို့တော် သတင်းစာ"သည် မီဒီယာတာဝန် တစ်ရပ်ကို စဉ်ဆက်မပြတ် ထမ်းဆောင်ပေးလျက်ရှိသည်။

နှစ် ၃၀ ပြည့် 'ပုလဲရတု' ကာလအရောက်တွင် မြို့တော် သတင်းစာ၏ ခရီးအစ ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်၊ ဆောင်းဦးကာလကို ပြန်လည် မှန်းဆကြည့်မိသည်။


ထိုစဉ်က ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ကြီး ဦးကိုလေး (၇-၁၂-၁၉၈၈ မှ ၂၅-၈-၂၀၀၃)မှသည် အဆက်ဆက်သော မြို့တော်ဝန်ကြီးများ ဖြစ်ကြ သည့် ဦးအောင်သိန်းလင်း (၂၆-၈-၂၀၀၃ မှ ၃၁-၃-၂၀၁၁)၊ ဦးလှမြင့် (၁-၄-၂၀၁၁ မှ ၃၁-၃-၂၀၁၆)၊ ဦးမောင်မောင်စိုး (၁-၄-၂၀၁၆ မှ ၃၁-၁-၂၀၂၁)တို့ တာဝန်ယူဦးဆောင်ခဲ့ကြပြီး၊ လက်ရှိ မြို့တော်ဝန်ဦးဗိုလ်ဌေး ဦးဆောင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သည် ၁၁-၂-၂၀၂၁ ရက်မှ စတင်တာဝန်ယူ ဆောင်ရွက် လျက်ရှိနေသည်။


ယခု ရောက်ရှိနေသည့်  ၂၀၂၁ ခုနှစ်သည် အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ လက်ထက် ၂-၅-၁၇၅၅ တွင် ယခင် 'ဒဂုံ' ဟု အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည့် ရန်ကုန်မြို့ တည်သက် ၂၆၆ နှစ်ပြည့် ကာလဖြစ်သည်။


ထို့အပြင် ခရစ်နှစ် ၁၈၇၄ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သော ရန်ကုန်မြူနီစီပါယ်ကော်မတီ ဥပဒေသက်တမ်း ၁၄၇ နှစ်ပြည့် နှင့်လည်း ကြုံကြိုက်နေသည်။


အဆိုပါ သမိုင်းစဉ်ကြီး ထဲတွင် မြို့တော်သတင်းစာ သည် ၁၉၉၁ ခုနှစ် နိုဝင် ဘာ ၁၈ ရက်တွင် စတင် ပေါ်ထွန်းပါဝင်ခဲ့ရာ မကြာမီ ကျရောက်တော့မည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက် (၁၃၈၃ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့နှင့်လည်း ထူးခြား စွာ တိုက်ဆိုင်နေပါသည် -စာရေးသူ)တွင် နှစ် ၃၀ တင်းတင်းပြည့်ကာ "ပုလဲရတု သဘင်" ကာလသို့ အောင်မြင် စွာ ရောက်ရှိခဲ့ပြီဖြစ်သည်။


"ယနေ့သတင်းများသည် မနက်ဖန်သမိုင်း မှတ်တမ်း များ ဖြစ်သွားကြသည်" ဟူသည့် အဆိုတစ်ရပ် သတင်းစာလောကတွင် ရှိပြီး ဖြစ်ပါသည်။


ယင်းအဆိုနှင့် ချိန်ထိုး ကြည့်လျှင် မြို့တော်သတင်းစာ သည် နှစ်ပေါင်း ၃၀ ကြာ သမိုင်းများကို "အလှတရား သုံးပါ" အခြေခံထား၍မှတ်တမ်း တင်ပေးနိုင်ခဲ့သည်ဟု ဆိုချင် ပါသည်။


မြို့တော်သတင်းစာသည် "ရောင်စုံစာမျက်နှာ အဆင် အပြင်၊ အခင်းအကျင်းတို့ဖြင့် တင်ဆက်နိုင်မှု ရုပ်ပိုင်းဆိုင်ရာ (Form)အလှတစ်ပါး"။


ရန်ကုန်မြို့တော်ကြီး၏  သတင်းများ သာမက "ပြည်တွင်း၊ ပြည်ပသတင်း များ၊ ဆောင်းပါးများ ဖတ်မှတ် လေ့လာစရာများဖြင့် သုတ ရသစုံ စီစဉ်တင်ဆက်မှုအတွင်းသဏ္ဌာန် (Contant) အလှတစ်ပါး"။ 

လူ့ဘောင်လောကတွင် ကြုံတွေ့မြဲဖြစ်သည့် "လူ့ကျင့် ဝတ် ဖောက်ဖျက်သူ၊လူအများ ကို ထိခိုက်နစ်နာ၊ သေကျေ ပျက်စီးစေသူ၊ စည်းကမ်းမဲ့သူ၊ ဥပဒေ မလိုက်နာသူများ ဥပဒေ လိုက်နာလာကာ စည်းကမ်းရှိရေး၊ နိုင်ငံကြီးသား ပီသရေးတို့အတွက် နမူနာ ယူကာ အချိန်မီ ပဲ့ပြင်နိုင် အောင် ဖော်ဆောင်ပေးသည့် အလှတစ်ပါး"။


'ထို အလှတရားသုံးပါး' ကို မီဒီယာရှုထောင့်မှ အွန်လိုင်း ရော၊ ပုံနှိပ်မီဒီယာအဖြစ်ပါ ဖော်ဆောင်ကာ၊ စတုတ္ထမဏ္ဍိုင် ပီသစွာ ခရီးဆက်လျက်ရှိသော မြို့တော်သတင်းစာတွင် စတင် စဉ်မှ ယနေ့အထိ ဝိုင်းတော်သား တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက် ခွင့်ရရှိနေခြင်းကိုလည်း ဝမ်းသာ ကြည်နူးမှု ဖြစ်ရပါသည်။


သို့ဖြစ်၍ သမိုင်းတစ်ခေတ် ထွန်းသစ် တာဝန်ကျေသော "ပုလဲရတု မြို့တော်သတင်းစာ" မှသည် နောင်နှစ်ပေါင်းများစွာ  ရတုပေါင်းများစွာ ကမ္ဘာ တိုင်အောင် စွမ်းဆောင်ကြိုးပမ်း နိုင်ပါစေဟု ဆန္ဒပြုရင်း ----- ။






အခြားဆက်စပ်သတင်းများ